လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Monday, September 13, 2010

ပန်းတပွင့်၏ ....



ပန်းတပွင့်
ပွင့်သစ်စရွယ်
ပန်းနုနယ်ကို
ချူချင်သူဝိုင်း
သစ်ရွတ်လှုပ်တောင်
ရယ်ချင်တတ်တဲ့
ပျိုစင်ချိန်မှာ
စိတ်အလိုလိုက်
ကြည်နူးသက်ဝင်
မညွတ်ချင်ပဲ
ခဏတာအပျော်တွဲ
စိတ်ကူးလိုက်ရင်
ပန်းပွင့်ခမျာ
အလှတင့်တယ်
လှပချိန်မှာ
ပန်းဘ၀ညိုး
နွမ်းကြွေကာမြေခ
ကြွေမိမှာစိုးမိတယ်
ပန်းပွင့်လေးရေ..................။

မီးဆိုတာ..ကစားကောင်းတဲ့
အရာမဟုတ်သလို
အချစ်ဆိုတာ...ကစားကောင်းတဲံ
အရာမဟုတ်
အပျိုစင်ပန်းလေးရေ
နူပျိုစဉ်မှာ
ကိုယ့်ကိုကိုယ်မြတ်နိုးမှ
သူတပါးကိုယ့်ကိုမြတ်နိုးမယ်
ကိုယ့်ကိုကိုယ့်မြင့်တင်မှ
သူတပါးတန်ဖိုးထားမယ်
အပျိုစင်ဘဝ
လှပနိုင်ဖို့
ဂုဏ်သိက္ခာစည်းဝိုင်းထဲမှာ
က္ကုနြေ္ဒဆိုတဲ့ဆူးခတ်ကိုဝိုင်း
သိမ်မွေ့အပြုအမူ
နူးညံ့တဲ့အပြုံးတွေနဲ့
လွမ်းခြုံပြီး
ပန်းပွင့်ဘ၀အလှတင့်အောင်
ထိန်းသိမ်းရအောင်...........................။

ကောင်းကင်

Thursday, August 5, 2010

အနှိုင်းမဲ့ မေမေ



ရင် ထဲ က အပူ
ဘယ်သူကူလို့ ရ မှာလဲ
လူမသိ အောင် နေတတ် ပေမယ်
ရာဇသံသင့် အကျဉ်း သားလို
အမှောင် ကမ္ဘာအခန်း လေးမှာ
တစ်ယောက် ထဲ ၀မ်းနည်း နေရ ပြီ…….။
ခြေထောက် တွေရှိလျှက်
မလျှောက်တတ်တဲ့ ကျွန်တော်
အခေါက်ခေါက်ခါခါလဲ ကျ
ဖေးမလို့ တွဲ ခေါ်
ချော့တခါ ခြောက် တလှည့် နဲ့
လျှောက် တတ်ခဲ့တော့
ဆန့်ကျင်ဘက် ခရီး ကို
ကျေားခိုင်း ထွက်နေမိတာ ငါ မသိခဲ့….။
အကြင်နာတွေလှေအပြည့်ထည့်
စုံမျှောပေးလိုက် တဲ့ မေတ္တာ
ဆန်လာမယ့်  ရက် ကို မတွေး
ဘ၀အလင်း ကို ခင်း ပေးခဲ့ သူ
သင်ခန်းစာတွေအလီလီပြ မှတ်သားဖို့ သွန်သင်
လိုရာလမ်း ကို ၀င် ဖို့ ကြိမ်တို့ လို့ မောင် သွင်း
မေတ္တာမိုး ရေ တွင်း က မိုးကြိုး ထစ် ချင်း ကို
လန့် ခဲ့ ဖူး တဲ့ ကျွန်တော်…..။
ဘ၀လမ်း မမှား အောင် ပြောခဲ့ တဲ့ စကား
နား ရှိ လျှက် မကြားခဲ့ တာ
အကျိုးအပေါက်များစွားကို ဖာထေး
ဖ၀ါး အောက်က တံတား လေးအတွက်
ကြိုးစား ရင်း ရိုးသားစွာနဲ့ ထမ်း တင်
အလျှားအနံမမြင်တဲ့ မေမေ မေတ္တာ....
ပုခုံးနှစ် ဖက်မှာအမာရွတ်တွေအထပ်ထပ်နဲ့
စုတ် ပြတ် နေလောက် ပြီဆို တာ သိခဲ့ ရ တော့
နောင်တတွေ ရင်မှာ အပြည့်နဲ့
ဓာသွား ပေါ် ပျား ရည်စက် ကို
အန္တရာယ် များ တဲ့ ကြား က ရအောင်လျှက် နေရ ပြီ……မေမေ…..။
လှိုင်း လေ တွေ ကြား ဘ၀လှေကို ပဲ့ကိုင် ထား ရ
တစ်ခါတစ် ခါ အသိ စိတ် တွေရော့ ပါးပြီ
ခရီး ဆက် မသွား ချင်အောင် ဖြစ်ခဲ့
ငါ ..နေတာက ၀န်ရိုး စွန်း တစ် ဖက်
အတောင် ကျိုး နေတဲ့ ငှက် မို့
ချောင်ထိုး ပြီး ရိုက် ခံ ရတဲ့ အဖြစ် ကို
အပြစ် လို့မဆို လို တော့ ပါ ဘူး
ကံကို လည်း ပုံ မချ ယူကျုံးမရ ဖြစ် မိ တာတော့အမှန်
ဒီအချိန် မှာ……. အကြင် နာအပြည့်နဲ့
ပခုံးကို နွေး နွေး လေး ဖက် လို့ …
ရင်မှာနွေးစေကာ.....
အား ပေး ခဲ့ တာ မေမေ…ပါ။
အခု တော့ ဗျာ……..
ပြောင်း လဲ မှု အချိန်ဇယားက
နေ့ စဉ်ရက် ဆက် ……..မေမေ ကို လာပြီး နှုတ် ဆက်
သိလျှက်နဲ့ ………ကျွန်တော် ခရီး ဝေး ကို ဆက် ခဲ့ ရ
မရဏ ၀ဲဂရက် ထဲ ဆွဲ နှစ် ခံ နေရတဲ့ သူက
ရှိသမျှအား လေး ကို ညစ် ထုတ်
အတင်း တွန်း ထုတ် လို့ ပို့ ခဲ့
မင့် ကူးရမယ့် လမ်း က
တော် တော် လှမ်း သေး တယ် “သား” တဲ့
နှုတ်ဆက် လို့ ရှစ် ခိုး ဖမိုး ပေါ် ကျတဲ့ မျက် ရည်
အခု ထိ စို နေဦး မယ် လို့ ထင် မိ
“ဘ၀လမ်း မှာ ခလုပ် မထိ လို့ ဆူး မညိပါ စေနဲ့” …..တဲ့
ဆု ပေးသံ တုန်နေပေမယ့်
အားမန်တွေအပြည့်နဲ့ တွတ်သွင်း
ရင်တွင်းထိုးဖောက်
ချက်ချင်း ရောက်ခဲ့တဲ့ အား
ရင်ကွဲ မတတ် ခံစားရင်း နှုတ်ဆက်
ဝေးရပ်မြေခြား နေပေမယ့်
အမြဲ မပြတ်သတိရ နေမိသာမို့
မေမေ……..
သား….ရှစ် ခိုးပြီး ကန် တော့ လိုက် ပါတယ်
နေကောင်း လို့ ကျန်းမာပါ စေ ….မေမေ....။

ကောင်းကင်

Sunday, August 1, 2010

ငွေကြယ် စဉ်များ



သူတို့တွေ….
ခေတ်အဆက်ဆက်
မိရိုးဖလာအတိုင်း
ခြွေချခဲ့တဲ့ သံစဉ်တစ်ပုဒ်လို...
ဒါမှမဟုတ်…
ဆန်းသစ်မှု့တစ်ခုလို...
ကိုယ့်အနုပညာ…
ကိုယ့်ဆိပ်ကမ်းအတွက်…
ရာသီအလိုက်
ပန်းတွေအသီးသီး ဖူးပွင့်ကြတယ်….။
တစ်ခါတစ်လေ
အိုမာခရမ်ရဲ့ ကဗျာလေးတွေ
ရွတ်ချင်ရွတ်နေမယ်…
တစ်ခါတစ်လေ
အချစ်၊ ဝိုင်တစ်ခွက် နဲ့ ကဗျာတွေမရှိတဲ့
ညနေခင်းအကြောင်း
ကြေကွဲကောင်းကြေကွဲမိမယ်…
မောင်ချောနွယ်ပြောသလို..
“ကဗျာဆရာဆိုတာ ဒဏ်ခံကြိုးလေးတစ်ချောင်းတဲ့”
ဒီကြိုးလေးမပြတ်သေးသရွေ့
ဒီကမ္ဘာမြေကြီးပေါ်မှာ
အပူဒဏ်ကိုမမှု့ပဲ
နှစ်ရှည်ပင်တွေ
လက်ဆင့်ကမ်း စိုက်နေမယ့်သူတွေ….။
ဟေး….ပင်လယ်ကြီး…
လှိုင်းလေ ဘယ်လောက်ကြီးကြီး
မုန်တိုင်းဘယ်လောက်ထန်ထန်
ငါတို့….အနုပညာ
ငါတို့….ပန်းတိုင်အတွက်
ငါတို့…ကပ်မယ့်ဆိပ်ကမ်း
ဘယ်တော့မှ သောင်မထွန်းစေနဲ့…..။

ကောင်းကင်

Saturday, July 31, 2010

ငါဟာ ကြည့်မှန်တစ်ချပ်ပါ


အပျော်လည်းမကြူး
အပြုံးလည်းမပျက်
တနှာလည်မကြွ
မစော်မကား
ရိုးသားစွာဘဲ
ထာဝရနေထိုင်
ဒီတစ်သက်ပဲ
မည်သူမပြုမိမိမှု့
ဒီပုံစံခွက်
ဒီတစ်သက်ပဲ
ခင်ရာဆွေမျိုး
ဟိုအနူုလည်း
မိတ်ဆွေပါပဲ
၅၂၈ မေတ္တာကို
ဦထိပ်ရွက်ပြီး
ပျော်ရွှင်စွာနေတတ်
မငြိုမငြင်
ကိုယ်လုပ်ပြီးမှ
ကံကြမ္မာကို
လက်ညိုမထိုးသူ
အကျွန်တော်သည်
သင်၏ကြည့်မှန်
နတ်လူမုန်းတည်း

ကျွန်တော့မှန်ရှေ့
သင်ပြုံးပြရင်
လက်ဆွဲနှတ်ဆက်
ဖေါ်ရွှေပါမည်

ကျွန်တော့မှန်ရှေ့
သင်ရီပြရင် ဖိတ်မန်တက
ပြုပါမည်

ကျွန်တော့မှန်ရှေ့
သင်ငိုပြရင်
ကျွန်တော် အားပေး နှစ်သိမ့်
ဖြေဆည်းပေးပါ့မည်

ကျွန်တော့မှန်ရှေ့

ဘဝင်မျက်နှာ
မာနာမျက်နှာ
တနှာရူးမျက်နှာ
ဒေါသမျက်နှာ
မကောင်မျက်နှာ
အားလုံးစုံးကား
ယမမင်နှင့် ဖြေရှင်ကြရမည်။။။။

ကျွန်တော့မှန်ရှေ့

စေတနာမျက်နှာ
ပရဟိတမျက်နှာ
အကြင်နာမျက်နှာ
သစ္စာမျက်နှာ
မေတ္တာမျက်နှာ
အားလုံးသော
အလှမျက်နှာ
ဤပိုင်ရှင်တို့သည်ကား
ဘုရားနှင့်တစ်ကွ နတ်ပြည်သိကြား
စောက်ရှောက်ပေးကြပါလိမ့်မည်။။။။။။။။။


အ၇ာအားလုံး
မိတ်ဆွေလုပ်တာ မိတ်ဆွေဖို့ပဲ
ကျွန်တော် ပြုသမျှကောင်မှု့
သတ္တဝါတွေအတွက်ပဲ
ကျွန်တော့မကောင်းမှု့
ကျွန်တော်ခံဖို့ အဆင်သင့်ပဲ။

ကောင်းကင်

နားလည်မှူသည်



နားလည်မှုသည်ခွင့်လွှတ်ခြင်းမှဆင်းဆက်လာခြင်းဖြစ်သည်။ ခွင့်လွှတ်မှု၏နက်ရှိုင်းမှုသည်မိမိခွင့်လွှတ်လိုက်သူအပေါ်ထားရှိ
သည့်မိမိ၏မေတ္တာအတိမ်အနက်နှင့်နှိုင်းယှဉ်နိုင်သည်။
အကယ်ရ်ျသင်သည်တစ်စုံတစ်ဦးအားအကြောင်းအရာခိုင်လုံမှုမရှိပဲနှင့်''မင်းဟာလူလိမ်တစ်ယောက်ပဲ" ဟု လွဲမှားရ်ျစောလျင်စွာ
မှတ်ချက်ချထုတ်ဖော်ပြောလိုက်ပါကသင်နှင့်သင့်မိတ်တွေကြားတွင်ဆိုးရွားသောဆက်ဆံမှုများစွာဖန်တီးခြင်းသာဖြစ်သည်။
ထိုသို.ပြောမည့်အစားမည်သည့်အတွက်နှင့်ယခုကဲ့သို.လုပ်ဆောင်ပြုမှုရသနည်းဟုရှေးဦးစွာမေးသင့်သည်မဟုတ်ပါလား။
အကယ်ရ်ျသင်သည်တစ်စုံတစ်ဦးအားဒေါသစိတ်ကလေးတစ်ခုဖြင့် "" မင်းဟာခပ်ပေါ့ပျက်ပျက်နိုင်တဲ့သူ ၊ ဘယ်အရာမှအလေးထားတဲ့သူမဟုတ် "" ဟု အပြစ်တင်မစောလိုက်ပါနှင့်။ သင်သတိမထားမိသည့်အသေးအမွှားလေးများကို
ထိုသူကသင့်ထက်ပိုရ်ျအမှတ်ရသည့်အခါမျိုးလည်းရှိတက်သည်။
သင်၏နုတ်မှပြစ်လွှတ်လိုက်သောမြှားသည်သူတပါး၏ရင်တွင်းတွင်စိုက်ဝင်သွားသောအခါအလွန်ခံရခက်သည့်ဝေဒနာတစ်ရပ်
ဖြစ်သည်ကိုသတိထားပေးပါ။အကြောင်းအရာခိုင်လုံမှုမရှိပဲနှင့်ထိခိုက်စော်ကားခြင်းကသင်၏အနီးကပ်မိတ်ဆွေများကမကြာမီစွန်.ခွာ
သွားနိုင်သည့်အကျင့်ဆိုးကြီးဖြစ်သည်။
အရာရာတိုင်းတွင်အကြောင်းအမျိုးမျိုးရှိခြင်းကြောင့်သင်၏မိတ်ဆွေအပေါ်မေတ္တာစိတ်တစ်ခုတည်းဖြင့်ခွင့်လွှတ်နားလည်ခြင်းက
သင်ကိုယ်တိုင်ပင်စိတ်တွင်းကလွတ်လပ်ပေါ့ပါးစေနိုင်သည့်ဆေးဖြစ်သည်။
ကျွန်ုပ်တို.အားလုံးတို.သည် (သစ်ပင်များအပါအ၀င် ) သက်ရှိများဖြစ်ကြသည်။သက်ရှိများအတွက်အပေါများဆုံးအရာသည်
မေတ္တာတရားဖြစ်သည်။သို.သော်လည်းထိုအပေါများဆုံးအရာဖြစ်သောမေတ္တာတရားကိုလူသားအများစုတွန်.တိုတက်ကြပါတယ်။
ဘ၀ကိုလွတ်လပ်ပေါ့ပါးစွာနေထိုင်ခြင်းကလေးနက်မှုအားနည်းခြင်းမဟုတ်ပါ။ကွာခြားလွန်းပါတယ်။
အကယ်၇်ျသင်သည်အရာရာကိုအကောင်းဖက်မှနားလည်ခွင့်လွှတ်နိုင်သူဖြစ်ပါကမယုံနိုင်ဖွယ်ရာသင့်စိတ်နှလုံးတို.သည်
လွတ်လပ်ပေါ့ပါးခြင်း၊ စာနာနားလည်မှုတို.ဖြင့်ပြည့်နေသည်ကိုမကြာမီမှာပင်သင်ခံစားလာပါလိမ့်မယ်။
သင့်ထံမှအပေါများဆုံးသောမေတ္တာတရားကိုလူသားတိုင်းသက်ရှိတိုင်းအားမျှဝေပေးခြင်းဖြင့်လွတ်လပ်ပေါ့ပါးသောဘ၀ကိုတည်ဆောက်လိုက်ပါ။
သင့်ထံမှမေတ္တာတရားဖြင့် သက်ရှိတိုင်းအေးချမ်းနိုင်ပါစေ။

ကောင်းကင်

အလွမ်းအင်ပါယာ



ကဗျာတွေတင်
ဖီလင်တွေဇတ်ခင်း
ကိုယ့်လမ်းကြောင်းမှာကိုယ့်ဘာသာလမ်းပျောက်
ဝိုးတိုးဝါးတားပုံရိပ်က
ငါ့အနားမှာရစ်သီရစ်သီနဲ.
သံယောဇဉ်နှောင်ကြိုးကို
မနက်ဖြန်မီးနဲ.မြိုက်လို.
အချစ်သစ်တွေရွက်နုဝေဖို.
တဟားဟားနဲ.ငါရယ်လိုက်မယ်
ချစ်ခြင်းဆိုတာငါ့အတွက်တော့
မျက်မမြင်တစ်ယောက်ရဲ့လှပမှုပါ။
မျှော်လင့်ခြင်းတွေကိုအသက်သွင်း
တဆစ်ဆစ်နာနေတဲ့အသဲက
နင့်မျက်နှာကိုလည်းမြင်နေလေရဲ.
ဆုံးရှုံးခဲ့လို.လည်း ငါမမှုဘူး
အဝေးသွားလို.လည်းငါမတားဘူး
ဘာလို.လဲဆိုတော့
တစ္တေတစ်ကောင်လိုဖြစ်နေတဲ့ငါ
နေ.တွေကိုလည်းရှောင်နေလေရဲ.
အပြုံးတစ်ပွင့်တည်ဆောက်ဖို.
အလွမ်းအင်ပါယာကိုငါဖြိုဖျက်ရဦးမယ်ထင်တယ်။

ကောင်းကင်

Tuesday, July 13, 2010

မျှော်လင့် မိသူ



ကြယ်လေးတွေကြွေလို့ဆုတောင်းရင်
တောင်းတဲ့ဆုကပြည့်တယ်တဲ့ ...
ဒါဆိုဆုတောင်းလေးတွေပြည့်ဖို့
ကြယ်လေးတွေကြွေပေးရတယ်နော်
သနားဖို့ကောင်းလိုက်တာဟာ
ငါ့ဆုတောင်းပြည့်ဖို့လည်း...
ကြယ်လေးတွေကြွေရမဲ့အချိန်ကို
မျှော်လင့်ရသေးတယ်
ကြယ်လေးရယ်..
ငါ့ရဲ့ဆုတောင်းလေးတွေဖြည့်ပေးပါနော်
ငါ့ရဲ့မျှော်လင့်ချက်ကို
လမ်းပြပေးပါနော်
ကြယ်လေး..ကြွေလိုက်ပါနော်

ကောင်းကင်

ငါ့၏ ချစ်သူ

တိုးတိုးလေးဘဲ...
တိတ်တခိုးလေးနဲ့ ချစ်ကြည့်တယ်..သူ့ ကိုပေါ့..
သူလေး...မသိရှာဘူးကို..ငါ့ရဲ့ အချစ်ကိုသူလေး..
နားမလည်ရှာဘူးကို..
သိပ်ချစ်တာဘဲချစ်သူ..ရယ်
နင်ခံစားတတ်ပါ့မလား...ငါ့ရဲ့ အချစ်ကို
နင်ကိုယ်ချင်းစာတတ်ပါ့မလား..ငါ့ရဲ့ ခံစားမှုကို
နင်ကြည်နူးတတ်ပါ့မလား...ချစ်ရိပ်အောက်မှာ
နင်စဉ်းစားတတ်ပါ့မလား...ငါနင့်ကိုသိပ်ချစ်တယ်ဆိုတာ
နင်တွေးနိုင်ပါ့မလား...ငါနင့်ကိုလွမ်းတတ်တာ
ဘာမှမဆိုင်ဘူးဆိုပေမဲ့ လို့ ...နင့်ကြောင့်ငါချစ်တတ်
ခဲ့ တယ်..
နင့်ကြောင့်ငါ..
လွမ်းတတ်ခဲ့တယ် အတွေးလေးမှုန်ဝါးဝါးနဲ့ ဘဲ..
တစ်ဖက်သတ်မဟုတ်ဘူးဆိုပေမဲ့ နင်...
ငါ့ရဲ့ အချစ်ကို နားလည်မှာပါ...ဆိုတဲ့ မျှော်လင့်ချက်ကလေး
ကရှိနေတော့..ချစ်သူ....
ငါစောင့်နေပါတယ်........နင်
ငါ့ကိုချစ်လာမဲ့တစ်နေ့ ကိုပေါ့..
လွမ်းနေပါတယ်တစ်နေကုန်ပြီးတော့နောက်ထပ်တစ်နေကုန်လေ
နင်နားလည်မှာပါ...ငါနင့်ကိုသိမ်မြတ်နိုးတာ..နင်
သိမှာပါ...ငါနင့်ကိုသေလောက်အောင်ချစ်တာ....

ကောင်မလေး



လမသာတဲ့  ည ဆိုတာလည်း
ည ပါဘဲ....ကဗျာမဆန်တဲ့ ကဗျာကလည်း
ကဗျာပါဘဲ..ငါနင့်ကိုချစ်တယ်ဆိုတောလည်း
အချစ်ဘဲလေ
ဟုတ်ရဲ့ လားလို့  ငါ့ကိုပြန်မမေးပါနဲ့ ချစ်သူ
ရင်နဲ့ အမျှခံစားတတ်ရအောင်လည်း
ငါကအချစ်ရူးမဟုတ်ဘူး
ဒါပေမဲ့ မင်းကြောင့်ငါချစ်တတ်ခဲ့တယ်
ပေါ့ ကောင်မလေး
ငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ
ကောင်မလေးကိုသိစေချင်ပေမဲ့ 
ရင်ကိုခွဲပြလောက်ရအောင်လည်း ငါ့မှာ
သေရုံဘဲရှိတယ် မချစ်ချင်နေပါကွာ
ခံစားရအောင်တော့နင်မဖန်တီးနဲ့ လေ
ကောင်မလေးသိပ်ချစ်လို့ နင့်ကိုငါခွင့်လွတ်
နိုင်ပေမဲ့  ငါစိတ်ညစ်တဲ့ အချိန်နင်သည်းခံနိုင်ပါမလား
ဝမ်းနည်းမှုတွေမပါတဲ့  ငါ့ကဗျာကမင်းကို
မဆွဲဆောင်နိုင်တာ သေချာပေမဲ့ 
ဒီခံစားချက်တွေကို ငါမပိုင်ဘူး...

ကောင်းကင်

ချစ်သူရေ



မင်းမရှိတဲ့ငါ့အခန်းထဲမှာ..
သံစဉ်လေးတွေတိုးတိုးလေးဘဲ
ငိုညည်းဆဲပါ..
ကွဲအက်နေတဲ့ငါ့ရဲ့နှလုံးသားမှာရဲ့
ရင်ခုန်သံတွေက ငါ့ရင်ခွင်ထဲပျံ့ကျဲလို့
ဟိုတစ်ချိန်က ငါ့ရှေ့မှာ ပြုံးခဲ့ဖူးတဲ့
အပြုံးတွေ...........
မင်းနှုတ်ခမ်းက
ထွက်ကျတတ်တဲ့ စကားလုံးတွေ
အနမ်းလေးတွေ..........
ငါ့နှလုံးသားထဲဝေနေဆဲပါ
ရင်ခုန်သံချိုချိုလေးတွေကို
ထွေးပိုက်ထားခဲ့တာငါ့ရင်ခွင်ပါကွာ
ထွေးပိုက်ထားရင်းနဲ့ဘဲ
မင်းငါ့ကိုထားခဲ့ပေမဲ့လေ........
နင်ထားခဲ့ရက်တယ်ဟာ
ဒီချိန်မှာ အထီးကျန်ငြိမ်သက်နေတဲ့
ငါ့နှလုံးသားလေးကတော့
မင်းကိုသတိရလို့လွမ်းဆွတ်ဆဲပါ
မင်းရဲကရယ်သံလေးတွေ
မင်းနှုတ်ခမ်းကစကားလုံးလေးတွေ
အနမ်းလေးတွေ...
မင်းမျက်နှာကအပြုံးလေးတွေ
ငါနှလုံးသားထဲမှာ ထင်ကျန်ဆဲပါ
ရာဇ၀င်တွင်အောင်မချစ်နိုင်ပေမဲ့
ရာဇ၀င်တွင်အောင်ချစ်ချင်နေတဲ့ငါ့နှလုံးသားလေးမို့
ငါနှလုံးသားလေး မောပန်းခဲ့ရပြီ
ချစ်သူရယ်......

ကောင်းကင်

နှင်းဆီနီ



အနီရောင်ပွင့်ဖတ်လေးတွေနဲ့ ...
အစိမ်းနုရောင် ရွက်ကြောလေးက
အစိမ်းရောင် ရွက်ဖတ်လေးထဲမှာ
စီးလို့ ဝင်နေတဲ့ ...နှင်းဆီရယ်....
မဖူးပွင့်ခင်မှာ ကြွေလို့ ကျတော့မှာလား
ကြွေကျမတတ်ကို လှနေလို့ လေ
မွှေးပျံ့ တဲ့ ရနံ့ တွေ နဲ့ နူးညံ့တဲ့ မင်းအလှတွေ..
ငါ့ရင်ထဲမှာ ငါ့ရဲ့ နှလုံးသွေး သားထဲမှာ
စီးလို့ ဝင်နေသလို ....
အညှိရောင်ဆူးခက်များစွာကိုလည်း
သူလျှို့ ဝှက်ထားရက်တယ်...
နှလုံးသားလေး ထဲမှာ မင်းပေးတဲ့ ဆူးလေး
စူးလို့ နေပေမဲ့  ပြန်နှုတ်ယူလို့ မရနိုင်အောင်
စိုက်ဝင်နေတော့ င့ါရင်ထဲမှာ တဆစ်ဆစ်နဲ့ 
စူးခဲ့ရပေါ့ ဆူးခက်တွေနဲ့ 
လှနေလိုက်တဲ့  နှင်းဆီ.....ရယ်

ကောင်းကင်

Sunday, July 11, 2010

ဂျေဂျေ၏ *ဆန္ဒ*



ဆုံချင်ပါတယ် တစ်နေ့မှာ....
ဒါပင်(ပေ)မဲ့ မင်းကအဝေးမှာ
ပြန်တွေ့မယ် တစ်နေ့မှာ
ရောင်နီဖျော့ဖျော့သန်းနေပါစေ
ဆုံဖြစ်ပါစေ...
နှစ်ဦးသားဆန္ဒညီခဲ့ရင်
အနာဂတ်ကောင်းကင်ဟာ
ထွန်တောက်နေမြဲမို့
မြင်စမ်းစေချင်ဘိ
ရင်ထဲကဝေဒနာ

ဂျေဂျေ

Friday, July 9, 2010

မြန်မာမလေး




အားလုံးထဲကတစ်ယောက်ထဲမြင်နေ
အားထဲက တစ်ယောက်ထဲ ချစ်ချင်တယ်
မြန်မာဆန်လွန်းတဲ့...
မင်းရဲ့ မျက်နှာလေး

စတွေ့ မိတဲ့မင်းရဲ့ ပါးပြင်ထက်
သန်ပ်ခါးလေး လိမ်းလို့ ထားသူလေး
မင်းကို....
ငါလေချစ်မိနေခဲ့တာ

မြန်မာဆန်လွန်းသူလေးရဲ့ မျက်နှာ
အိနြေ္ဒရှင်လေးရဲ့ မျက်နှာ
လှတစ်မျက်နှာ ယဉ်တကိုယ်လုံး
အပြစ်မဲ့နေခဲ့တာ

မြန်မာဆန်လွန်းသူလေးရဲ့ အလှကို
ငါလေမြတ်နိုးလို့ စွဲလန်းနေ
အမြဲတန်းပဲ လှနိုင်ပါစေ
မြန်မာဆန်တဲ့အလှပိုင်ရှင်လေးရေ

တရေးနိုးထတဲ့ မင်းရဲ့ အလှကိုပင်
အိမ်မက်ထဲ မင်းစိုးမိုးနေရင်
ကောင်မလေးရေ
ငါလေ သိပ်ချစ်နေမယ်

ကောင်းကင်

Sunday, July 4, 2010

လေလွင့်ချင်း......



ဝေါ.....ခနဲ တိုက်တဲ့လေ
ငါ့အတွက် ကြမ်း တယ်လို့ မဆိုပေမယ့်
ထိတွေ့နေကြမို့
လှပဖို့ မဖြစ်နှိုင်ဘူး ဆိုတာ ငါသိခဲ့
အံ့ဩောစရာလွဲချော်မှုနဲ့

ရင်ဘတ်ကို ထိမယ် လို့ မထင်
နိယာမကို သိလျှက် မမြင်

လေအနှင်မှာပါ လာတဲ့ သစ်ရွက်
ယူငင်လို့ ကြည့်မိတဲ့ ငါ

အများအမြင်မှာ သာမန်ပါ လို့ ဆိုကြ
အရိုး အတံအရွက် မပါ တဲ့ ပန်း

ထူးကဲ အံမခန်း လှစခန်းဖွင့် လို့ ဘယ် မရ

အထောက်အကူပေး ရတဲ့ မင်းဘဝ

အညတရမဟုတ် ခဲ့ ပါ

ပို ပြီး လေးနက် လှ တယ်ဆိုတာငါ အသိ
မျှတမှုမရှိတဲ့ လောက

သင်ခန်းစာတွေ အထပ်ထပ် ရ တယ်
ယူတတ် အောင်ယူလိုက် စမ်း ပါ
မာယာတစ်သောင်း နဲ့

လောက အကြောင်း ကို
ငါကောင်း ကောင်း နားမလည်ခဲ့ ပေမယ်
ခရီးတစ် ထောက် နား လာတဲ့ မင်းကို
အိပ် သွန်ဖာမှောက် ပေး ခဲ့ တာက
ပျော်ရွှင်မှုများ ရက်ဆက်နေဖို့
နွံနစ်လို့ မြုတ်မသွား အောင် ဆွဲ ယူ

ရှိသလောက် အား တတ်သလောက် အသိနဲ့

ဖေးမလို့ တွဲ ကူ

နောက် ခရီး တစ်ခု ရှိနေသေးတာ သိနေသူမို့
အားမာန်ရယ် ဖြည့်ကာပေး ခဲ့
ခဏတာ တွေ့ဆုံမူရယ်က
ဘ၀တစ်ခုလုံး ခြုံမိလိုက်တာ သူ မသိ
ယိုင်ယိုင်ယဲ့ယဲ့ ငါ့ အား နက် ချက် တွေနဲ့

ဖမ်း ဆုပ်လို့
ကိုင်မထား ခဲ့ နိုင်ပါ ဘူး
ယူမိလို့ ပေး ဆပ်
ဝေး ရမယ့် ရက် က နီး
မင့် ဘ၀ ခရီး ဆက် ရ ဦး မှာမို့
ဖွဖွလေးဖိမထား ရက်တော့ ပါ ဘူး
ဖွင့်ဟလို့ ပေး ကာထား တယ်
တဖန်လာ လေပြေအဝှေ့မှာတော့

ဝေ့၀ိုက် လို့ ပျံကာသွားမယ့်
လျှောက်ရမဲ့ မင့်ဘဝလမ်းကို
ကြမ်းတမ်းမှုကင်း ပျော်ရွှင်ခြင်းများနဲ့
အပြည့်
ကံကောင်းပါစေ လို့ ဆု တောင်း ရင်း
ငါ့နှလုံးသား ကျောက်တိုင်မှာ
ခိုင်ခိုင်မာမာ ရေး မှတ်
အမြဲ အမှတ်တရ နဲ့
ထာဝရ ရှိနေမှာပါလေ…………..။

ကောင်းကင်

မင်းအတွက်သာ



လောက
တစ်ခွင်လုံး
သုံး ရာသီစာ ပန်းတွေ
တပြိုင်နက် ပွင့်ခဲ့ရင်လည်း
မင်းသာ
ပန်မပေးရင် ဘယ်လောက်လှတဲ့ ပန်း ဖြစ်ပါစေ
ငါ မမက်မောပါဘူး
.....
လူတကာတွေ အချိုဆုံး ပြုံးပြ ကြရင်လည်း
နေ့ တစ်နေ့မှာ
စတွေ့ရခြင်းက မင်းရဲ့ အပြုံး မဟုတ်ရင်
အဲ့ဒီနေ့က ဘယ်လောက်ပဲ သာယာလှပပါစေ
ငါ မကြည်နူးပါဘူး

အတောင်ပံတွေ မလိုပဲ
ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်တဲ့ စွမ်းအား ရှိခဲ့ရင်လည်း
လွတ်မြောက်ခြင်းက

ဘယ်လောက် အေးချမ်းပါစေ

မင်းကို ထားပြီး ငါ ဘယ်မှ မသွားဘူး
လူ တစ်ယောက်နှင့် တစ်ယောက်ထဲ မွေးဖွားပြီး
တစ်ယောက်ထဲ ကြီးပြင်းခဲ့ပေမယ့်

ရှေ့ဆက်ရမယ့် ဘ၀ရဲ့ တစ်ရက်မက
နေ့ရက်တွေမှာ
မင်းမရှိရင် မဖြစ်နိုင်လို့@@@
အိပ်မက်တွေကို

ထုဆစ် ရင်းနဲ့သာ


ကောင်းကင်

Saturday, July 3, 2010

သံစဉ်



မင်းပေးခဲဖူးတဲ့
သံစဉ်တစ်ခုနဲ့
အေတာင္ဖ့်န္ရြက္လႊင့္ခ့ဲတာ
ရီးလေးခိုတက်တဲပန်းတစ်ပွင်ကြောင့်သာမဟုတ်ခဲရင်.......
မျက်ဝန်းနက်တစ်စုံက
မာယာတွေသုံး
သာယာစွာပြုံးတက်တဲ့
နှင်းဆီတစ်ပွင့်
မြူတွေထဲမှာထွက်တဲဆူး
အသည်းထဲထိအောင်ရူးခဲလေတော့......
တခါတခါငါလေ.......
လူတွေနားမလည်နိုင်သေးတဲစကားတစ်ခွန်း
ခဏခဏရွတ်ဆိုနေမိတယ်....

ကောင်းကင်

သံယောဇဉ်မိုး



သာယာတဲ့အချစ်
နှစ်ကိုယ်စင်စစ်
မင်း ချစ်မှလေ.....
ပျော်ရွှင်တဲ့ အပြုံး
အချစ်ဆုံးတစ်ယောက်အတွက်
မင်း ပေးမှလေ.....
ချည်နှောင်တဲ့ကြိုး
သံယောဇဉ်မိုးမို့ 
မင်း သွန်းဖြိုးမှလေ.....
မမေ့နိုင်တဲ့အလွမ်း
အထီးကျန် ည
ဆွေးမြေ့ တဲ့ဘဝ
ခွေယိုင်လဲကျ
မင်း ထူမှလေ.....
အနားကိုတိုး
ရွှေလက်ကိုဆွဲ
မင်း တွဲမှလေ.....

ကောင်းကင်

ချစ်သူအတွက် ဆုတောင်းလေး



ချစ်သူ့ ရင်ခွင်
ပန်းဖြစ်ကျန်ရစ်
လွမ်းနင့်သည်းခြေ
ကမ္ဘာမြေတောင်
ငိုညဉ်းနေပြီ
ချစ်သူ့ ဆံနွယ်
လေပြေအသွင်ပြောင်း
ဘယ်လောက်ဟောင်းဟောင်း
မမေ.နိုင်သူ့ အသဲ
သောကလေပွေ
ဝင်နှောက်ဝှေ့ ရမ်း
ကမ်းလင့်လက်လှမ်း
ခြေလှမ်းတိုင်း မွှေးပါစေ
နာရီ စက္ကန့်  မိနစ်တွေပြောင်း
သတိရခြင်းတစ်ခု
တောင်းခွင့်ပြုပါ .....

ကောင်းကင်

ထင်တယ်



ဘယ်သူ့ကိုမှအလျှော့မပေးတတ်တဲ့ငါ
မင်းရဲ့ရှေ့မှာဒူးထောက်ဖို့အဆင်သင့်ဖြစ်နေပြီ
ကဗျာတွေမခံစားတတ်တဲ့ငါ
အလွမ်းကဗျာတွေရေးတတ်နေပြီ
သီချင်းမြူးမြူးတွေကိုမှခံစားတတ်တဲ့ငါ
အဆွေးသီချင်းတွေကိုဆိုတတ်နေပြီ
ယောက်ကျာ်းလေးသူငယ်ချင်းတွေများတဲ့ငါ
အခုဆိုနင်အထင်လွဲမှာငါကြောက်နေပြီ
အလှအပမခံစားတတ်တဲ့ငါ
မင်းရှေ့မှာအလှဆုံးသူတစ်ယောက်ဖြစ်ချင်နေပြီ
ဘယ်အရာကိုမှအလေးမထားတတ်တဲ့ငါ
မင်းအတွက်အချိန်တွေအများကြီးပေးတတ်လာပြီ
အရင်တုန်းက သွေးအေးခဲ့တဲ့ငါ
မင်းကိုချစ်လို့ပြောင်းလဲသွားခဲ့ပြီ

ကောင်းကင်

Wednesday, June 30, 2010

အမေထံ သို့ပေးစာ


(အမေကို ချစ်တတ်သူများအတွက်…)

မင်္ဂလာအပေါင်းနှင့် ခညောင်းနိုင်ကြပါစေ…..

အမေရယ်…
လောကမှာ လူတိုင်းအတွက် ၀မ်းအနည်းရဆုံးနေ့ ရှိသလို ၀မ်းအသာဆုံးနေ့ဆိုတာလည်း ရှိကြမှာပါ။ ၀မ်းအသာဆုံးနေ့တစ်နေ့ကတော့
့ ဘယ်နေ့ဖြစ်မှာလည်း ထီပေါက်တဲ့နေ့လား၊ နိုင်ငံခြားသွားရမယ့်နေ့လား၊ ချစ်သူဆီက အဖြေရတဲ့နေ့လား၊ အောင်စာရင်းထွက်တဲ့နေ့လား သို့မဟုတ် ဘွဲ့ယူတဲ့နေ့လား။ သတ်မှတ်တဲ့ လူတွေရဲ့အပေါ်မှာ မူတည်မယ်ထင်ပါတယ်။

အမေရယ်…
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က မင်္ဂလာဒုံလေဆိပ်မှာ အမေပြောခဲ့တဲ့ ရွှေရောင်စကားလုံးလေးတွေကို ခုထိပဲ သားရဲ့နားထဲမှာ ကွက်ကွက်ကွင်းကွင်း ကြားယောင်နေဆဲပါ အမေ။ ဘာတဲ့လဲ “သား…စာကြိုးစားနော်၊ တစ်နေ့ကြရင် အုဌ်တစ်ချပ်၊ သဲတစ်ပွင့် သာသနာပြုနိုင်ရင် အမေကျေနပ်ပါပြီ၊ စာကြိုးစားဖို့က သားရဲ့တာဝန်၊ ပစ္စည်းလေးပါးကို ရှာပေးရမှာက အမေတို့တာဝန်ပဲ”ဆိုတာလေ။

အမေရယ်…
လေယာဉ်ကြီး ထွက်ခွါဖို့ အချိန်တန်ပြီဖြစ်တာကြောင့် ”ကြိုက်မရှက်၊ ငတ်မရှက်”ဆိုတာထက် အမေကတော့ ၀မ်းနည်းလို့မရှက်နိုင်တော့ဘဲ လူတွေကြားထဲမှာပဲ အားပါးတရ ငိုချခဲ့သေးတယ်နော်။ တာဝန်ရှိသူတွေက အတွင်းထဲဝင်ခိုင်းနေပြီမို့ ၀မ်းနည်းမှုတွေကို ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ထားကြရင်း ထွက်ခွါမယ့်သူနဲ့ လိုက်ပို့ခဲ့ကြတဲ့သူတွေက မိမိလက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်ကြပြီး လေယာဉ်ပေါ်သို့ တက်သွားခဲ့ပါတယ်။

အမေ့ကို
ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်အမေရယ်… သား နိုင်ငံခြားရောက်တော့ ပုထုဇဉ်ပီပီပဲ အခွင့်အခါအားလျော်စွာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ကူးလေးကတော့ ”ငါ…လူထွက်လိုက်ရင်ကောင်းမလား” ဆိုတဲ့ စိတ်ကူးလေးပဲ။ အဲဒီ စိတ်ကူးလေးတွေ ဖြစ်လာတိုင်း လေဆိပ်က သားအတွက် ကျခဲ့ရတဲ့ အမေ့မျက်ရည်တွေကို ပြန်မြင်ယောင်နေမိတယ်။ “အို…မဖြစ်သေးပါဘူး၊ အမေ့မျက်နှာကို အိုးမဲနှင့်မသုတ်ရက်ပါဘူး”ဆိုပြီး ကိုယ့်ကိုယ်ကို ဆုံးမနေမိပြန်တယ်။

အမေရယ်…
လောကမှာ လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးဆုံးနှစ်ချက်ကတော့ ”Character and wisdom-ကိုယ်ကျင့်စရိုက်နှင့် ပညာပဲ”ပဲလို့ ပြောကြတယ် မဟုတ်လား။ ကိုယ်ကျင့်စရိုက်ကို ရှေ့ကထားပြီး ပြောနေကြပေမယ့် အလုပ်လုပ်ပြီဟေ့ဆိုရင် “သူက ဘာဘွဲ့တွေ ရထားလို့လဲ” ဆိုပြီး ဘွဲ့အလိုက် နေရာကို ခွဲခြားသတ်မှတ်ပေးကြတယ်နော်။

အမေရယ်…
သားတို့ ငယ်ရွယ်စဉ်က လေ့လာသင်ယူခဲ့ဖူးတဲ့ ပါဠိဂရမ္မာထဲမှာ ”ဂုဏ၀န္တေ ပဿန္တိ ဇနာ-(လောကမှာ) လူတွေဟာ ဂုဏ်ရှိတဲ့သူကိုပဲ မြင်တတ်ကြ၊ ကြည့်တတ်ကြတယ်”ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ စာလေးတစ်ပိုဒ်ကို ကျက်မှတ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာ ဂုဏ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ရရင် အကျင့်စရိုက်ကောင်းတာလည်း ဂုဏ်ပဲ၊ ငွေကြေးချမ်းသာတာလည်း ဂုဏ်ပဲ၊ ပညာတတ်တာလည်း ဂုဏ်ပဲ။ ဂုဏ်နှင့်ပတ်သက်တာတွေကတော့ အများကြီး၊ အများကြီးပါပဲ။

အမေရယ်…
ဟိုးရှေးရှေးတုန်းက သာသနာပြုနိုင်ဖို့အတွက် ဘွဲ့တွေ၊ ဒီဂရီတွေနဲ့ မသတ်မှတ်ခဲ့ကြပေမယ့် ဒီခေတ်ဒီအခါမှာတော့ အုဌ်တစ်ချပ်၊ သဲတစ်ပွင့်မျှ သာသနာပြုနိုင်ဖို့အတွက်က ဘွဲ့တွေ၊ ဒီဂရီတွေလိုအပ်လာနေပြီ။ အမေ့သားလည်း လူသူမြင်နိုင်လောက်တဲ့ တောက်ပတဲ့ ကြယ်စင်လေးတစ်ပွင့်တော့ ဖြစ်ခွင့်ရပြီလို့ ထင်ပါတယ်။

အမေရယ်…
လောကမှာ ပြောပြောနေကြတယ်လေ။ အောင်မြင်မှုကို ဥယျာဉ်မှူးကြီးနဲ့ ခိုင်းနှိုင်းပြီး ပြောတတ်ကြတယ်။ ဥယျာဉ်မှူးတွေက ပိုပြီးသိကြမှာပါ။ မိမိလိုချင်တဲ့ ပန်းလေးတစ်ပွင့်အတွက် ရေလောင်းပေးရတာနဲ့ ရာသီဥတုဒဏ် ကာကွယ်ပေးရတာနဲ့ စောင့်ရှောက်ယုယရတယ်။ ပန်းလေးလည်း ပွင့်လာရော ပေးဆပ်လိုက်ရတဲ့ အချိန်နဲ့ငွေကြေးတွေအတွက် ကျေနပ်မိကြမှာပါ။

ဒီလိုပါပဲ အမေရယ်…
အလိုရှိတဲ့ ပန်းလေးတစ်ပွင့်အတွက် အပင်ငယ်လေးကို ရေမျှမျှတတ လောင်းပေးရတယ်။ ရေအလောင်းများလွန်းရင် ပန်းပင်ငယ်လေးဟာ သေသွားတတ်တယ်၊ မလောင်းဘဲထားပြန်ရင်လည်း ပန်းပင်ငယ်လေးဟာ မရှင်သန်နိုင်ပြန်ဘူးတဲ့။ ခုလည်းပဲ အမေဟာ သားအတွက် ငွေကြေးကို တော်ရုံသင့်ရုံလေးပဲ ပေးခဲ့တာဟာ အဲဒီသဘောပဲ နေမှာပါလို့ တွေးမိပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင် အမေရယ် ………
သားအတွက် ဘာမှမပူပါနဲ့တော့။ အချိန်တန်ရင် ကြိုးစားပန်းစား တူးခဲ့ရတဲ့ ရွှေထုပ်ကိုထမ်းပြီး အမေ့ဆီကိုပဲ တည့်တည့်မတ်မတ် ပြန်လာခဲ့ပါမယ်။ အမေတို့က ၀မ်းပန်းတသာ ပီတိဖြာပြီး မင်္ဂလာဒုံလေဆိပ်မှာ စောင့်ကြိုနေကြပေတော့။ အမေလည်း လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်ပြီး သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုးကာတိုးကာ အားထုတ်နိုင်ပါစေလို့ ဆန္ဒပြုရင်း…………။

မှတ်ချက်။ ။
 စာရေးသူကို မွေးသမိခင် ကျေးဇူးရှင်က ၈-နှစ်သားအရွယ်မှာကတည်းက အပြီးအပိုင်
စွန့်ခွါသွားခဲ့ပါပြီ။
 ဒီနေ့ ဦးဇင်းတို့ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်)မှာ ကေလနီယတက္ကသိုလ်မှာ ၂၀၀၈-ခုနှစ်က စာမေးပွဲအောင်ထားတဲ့ ဘုန်းကြီးတွေရော လူတွေပါ ဘွဲ့တွေပေးအပ်တဲ့နေ့ပါ။
 ဘွဲ့နှင်းသဘင်ထဲမှာ အမေ့ကို သတိရလွမ်းဆွတ်တာနဲ့ ဒီစာကို ရေးဖြစ်သွားတာပါ။ အမေအားလုံးကို ရည်ညွန်းပြီး ရေးသားလိုက်တာပါ။
 သင်ယူခဲ့တဲ့ဘုရားစာလေးတွေကို (သိဖူးပြီးသူတွေအတွက် မဆိုလိုပါ) မသိဖူးသေးတဲ့
သူတစ်ယောက်ယောက်အတွက် မျှဝေဖူးတဲ့ ကောင်းမှုကြောင့် အမေတစ်ယောက်
တမလွန်ဘ၀မှာ ချမ်းသာအပေါင်းနှင့် ပြည့်စုံနိုင်ပါစေ…အမေ။

တောက်ပကြယ်စင် ၏ ဆောင်းပါးလေး
ကောင်းကင်

Tuesday, June 29, 2010

အမေ့အတွက် ဆုတောင်းလေး



အမေ..
ဘ၀ရဲ့ လမ်း
ဖြောင့်တန်းအောင်မြင်
ပျော်ရွှင်ခဲ့ အောင်
ဆောင်ကြဉ်းပေးခဲ့တာ
အမေ ပါ အမေ....

ဒါပေမယ့် လေ
အမေ့ ကိုစွန့်ခွာ
ပျော်ရာမနေ
တော်ရာမှာနေရ
သားဘ၀ပါအမေ...

ဘ၀အမောနွေ
သောကတွေထဲလွမ်း
ပင်ပန်းလွန်းက
တမ်းတမိခဲ့တာ
အမေပါ အမေ...

တခါတလေ
ပျော်စရာတွေတွေ့ 
မေ့ပျောက်ကာသွား
အမေက၀ိုးတ၀ါးနဲ့
သားမှားခဲ့ တယ် အမေ...

နှုတ်ဖျားကမဆိုသာ
အမေ့ နားမနေရပေမယ့် 
မေ့မေတ္တာ မကုန်ခမ်း
ရွှင်လန်းလို့ကျန်းမာစေ…..

ကောင်းကင်

ခွင့်လွတ်ထားပါတယ်



ချစ်သခင်ရယ်..
နားခိုရာရင်ခွင်မဲ့ ..
မငဲ့ ကွက်နှလုံးသား..
ထားခဲ့ရက်ပြီနော်..
ပျော်ပါစေတော့ကွယ်....
အခုကိုယ်လေ..
မျက်ရည်တွေချောင်းစီး..
အထီးကျန်နေခဲ့ရှာ..
ဒီကမ္ဘာလွမ်းမစဲ..
သောကတွေနဲ့ပေါ့ကွယ်....
တကယ်ဆိုရင်..
အကြင်နာရှားပါး..
မင်းမုန်းလို့သွားခဲ့...
အားငယ်ခဲ့ကိုယ်ဟာ..
သိပ်ချစ်တတ်သူပါကွယ်....
မုန်းမေ့ရက်သူရယ်...
တွယ်တာလို့ရစ်နှောင်..
သံယောဇဉ်ကြိုးကိုရှောင်ဖို့..
ကိုယ်ကြိုးစားရလိမ့် မယ်..
ကိုယ်ကြိုးစားရလိမ့်မယ်..ကွာ....

ကောင်းကင်

ကံတရား၏ အိမ်မက်



ကံတရားရယ်......မှန်းဆရန်မလွယ်တော့
အဆုံးသတ်သွားပြီထင်တဲ့အိမ်မက်က........
အခန်းဆက်လာပြန်တယ်....။

ရေးခဲ့တဲ့ပန်းချီကားတစ်ချပ်က အသက်ဝင်မလာတော့
ဝိုးတ၀ါးအိမ်မက်တွေထဲ ငါ....ရူးသွပ်ဖူးခဲ့တယ်...။
အခန်းဆက်အိမ်မက်တွေအတွက်
နှလုံးသားက ခံနိုင်ရည်ရှိပါ့မလား….။။

ကံကြမ္မာရယ်.......နောက်ထပ်ဘာပေးဦးမှာလဲ.....
ပျော်ရွှင်ခြင်းလား.......၀မ်းနည်းခြင်းလား.......
ရယူခြင်းလား....ပေးဆပ်ခြင်းလား....
အေးချမ်းခြင်းလား........ပူလောင်ခြင်းလား.....
ငါရဖူးခဲ့တာက....... အပူရောင် ဝေဒနာတွေမို့
သံယောဇဉ်ဆိုတဲ့ အပင်ကို ငါထပ်မပျိုးရဲတော့ဘူး....။။။၊

သူ့ အတွက်ပျိုးမိတဲ့ သံယောဇဉ်တွေက
ငါ့ရင်ထဲမှာ နှုတ်လို့မရအောင်အမြစ်တွယ်လို့
ငါ့အသဲနှလုံးမှာ ဒါဏ်ရာတွေနဲ့ နာကျင်ခဲ့ရတယ်......၊
သတိရခြင်းတွေ နေ့စဉ်လောင်းတော့ ...
သံယောဇဉ်ကရှင်သန်........
အဖြူရောင် အလွမ်းပန်းတွေလဲ ......
ဝေေ၀ဆာဆာ ဖူးပွင့်ခဲ့ကြတယ်လေ...။။။။

အချစ်က ငါ့အတွက်....
ပြင်းရှရှ ၀ိုင်တစ်ခွက်သာ ဖြစ်ခဲ့လေတော့....
နှလုံးသားရဲ့ဆန္ဒတစ်စုံကို ချိုးနှိမ်လို့.....
ကံတရားက ရေးပြီးသား......ဇာတ်ညွှန်းအတိုင်း....
အခန်းဆက်အိပ်မက်ကို....
စိုးတထိတ်ထိတ်နဲ့ ငါ....ဆက်မက်ရဦးမယ်...

ကောင်းကင်

Sunday, June 27, 2010

အမေ (၄)



ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိတယ်…။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။
ကျွှန်တော်အတွက်တော့ အမေဟာ
ကမ္ဘာတစ်ခုပါပဲ.....

ကောင်းကင်

Saturday, June 26, 2010

`ပျက်အစဉ် ပြင်ခဏ´



စိတ်မကောင်းဘူး
မိန်းကလေးရယ်...
ပြန်တွေ့ရတဲ့ခဏ
အံ့သြရလောက်အောင်
မင်းခံစားနေရတာ
မြင်ရလို့ပါ....
လက်ရှိဘ၀ထက်
အလှကို မက်မော
မောဟ တောထဲမှာ
လောကကို ယှဉ်ပြိုင်
အနိုင်လိုချင်စိတ်နဲ့
အရွဲ့ဆက်တိုက်ရင်တော့
မင်းဆက်မှားသွားမှာပေါ့...
ဒီလိုပဲလေ
ကိုယ်စီကြုံမြဲ
အခက်အခဲ ဆိုတာတော့
လူတိုင်းမှာ ရှိကြတာပဲလေ...
ဒါကိုမမှု အံမတုပဲ
ဆန္ဒကို ဦးစားပေး
မှားယွင်းတဲ့ အတွေးတွေနဲ့
ဖြစ်ချင်ရာဖြစ်
စိတ်စေရာညွှန်
အဆုံးစွန်ထိ မိုက်ခဲ့လို့
ပြန်ကာတမ်းတ
ပြင်မရတဲ့ နောင်တတွေနဲ့
`အမှား´ ဆိုတာ မင်းကြုံခဲ့ရတာပဲ...
ဝမ်းနည်းစရာပဲ
နောင်တဆိုတာ
နောင်မှ ရတတ်တယ်ဆိုတာ
စောစောကတည်းက
မင်းသိဖို့ကောင်းတယ်....
ရင်ထဲလှိုက်လျက်
မင်းရဲ့ပါးပြင်ထက်က
မျက်ရည်စက်တွေကို
မင်း တန်ဖိုးထားစမ်းပါ
`ပျက်အစဉ် ပြင်ခဏ´ တဲ့
နောက်တစ်ကြိမ်
နောင်တမရအောင်
ကြိုးစားပေါ့ မိန်းကလေးရယ်...

ကောင်ကင်

Friday, June 25, 2010

သံယောဇဉ်၏ ဆုတောင်း



အမြင်လေးနဲ့..........
အထင်သေးလို့မရတာ
သံယောဇဉ်ဆိုတဲ့သည်ကြိုး..............
တွယ်တာမိပြီဆိုမှဖြင့်
ရင်ထဲမှာအောင့်အီး..........
စောင့်စည်းရမယ့်အရာတွေကိုတောင် ဖောက်ပြီး............
တွယ်တာချင်တာ
သူ့သဘာဝများလား
တွယ်တာမိသူ..........
အကျွန့်ရင်ထဲ..............
သံယောဇဉ် သည်ကြိုး
ရစ်ပတ်ခဲ့တာ.................
အမြစ်ဖြတ်ဖို့တော့ မဖြစ်တော့ပါ
ကံကြမ္မာမျက်နှာသာပေးလို့
အခွင့်အရေးလေးတစ်ခု
ရခဲ့မယ်ဆိုရင်...................
မြတ်ဗုဒ္ဓအရှင့်ထံ ဆုပန်ပါရစေ
အရာရာတိုင်းကို သံယောဇဉ်
နွယ်မငင် မခင်တွယ်တတ်သောသူ
ဖြစ်ပါရစေသား........။

ကောင်းကင်

အဖေ (၂)



အကြင်နာ မေတ္တာများနဲ့
နွေးထွေးစွာ ကြိုဆိုခဲ့တာ
ဖေဖေ ရဲ့ မေတ္တာတရားလား။ ။
အနွံတာ ဂရုဏာများနဲ့
လုံခြုံစွာ တည်ဆောက်ပေးတာ
ဖေဖေ ရဲ့ ရင်ခွင်လေးထင်တယ်။ ။
အတွယ်တာ သံယောဇဉ်နဲ့
အေးချမ်းစွာ စီးဆင်းစေတာ
ဖေဖေ ရဲ့ စမ်းရေမေတ္တာ တွေပဲလား။ ။
လမ်းမှားကို သွေဖယ်ပြီး
လမ်းမှန်ကို ရွေးချယ်ဖို့
ရှေ့ဆောင်လမ်းပြ အလင်းရောင်လေး
ပေးနှိုင်စွမ်းရှိတာ အဖေပဲလား။ ။
အဖေနှင့် ဆုံခွင့်မရှိခဲ့တဲ့
ငါ့ ဘဝလေးမှာ
အဖေရဲ့ မေတ္တာတွေကို
သား ခန့်မှန်းကြည့်တာပါ အဖေ
လက်စုံမိုးလို့ ဦးထိပ်ပန်ဆင်
ကန်တော့လျက်ပါ
အဖေ................

ကောင်းကင်

မုဒိသာမျက်ရည်




ကြင် နာ တတ် ခဲ့ ပါ တယ်
နား လည်တတ် ခဲ့ ပါတယ်
ချစ် သူ…………..
ဒါနဲ့ တောင် သံသယနဲ့ တွေး တော
ထပ် တူ မကျ တဲ့ အတွေး အခေါ် တွေနဲ့
ဖြတ် ပြေး သွား တဲ့ အတိတ်
မင့်ပြောသမျှခေါင်း ညိမ့် ဖို့ ကြိုး စား ခဲ့ ဖူး ပါ တယ်။ ။
လွဲ ချော်မှုလို့ယူဆခဲ့ တဲ့ အချစ် တစ်ခု
ခရီိး အစ ပြုမှာ
အလွမ်း တွေကို မျက် ကွယ်ပြုလို့
ဖြေရှင်း ခွင့် ကို လက်လှူ ရှု့ ခဲ့ တယ်။ ။
နှလုံးသားချင်းချိပ် ဆက်လို့
အဆုံး တသက် လို့ ရည်ရွယ်ခဲ့ ပေမယ့်
မပြီး ဆုံး သေးတဲ့ ဇတ်သိမ်းနိဂုံးမှာ
ဖေါက် ချည်ခွင့် မရ တော့ တဲ့ ရင် ခွင် နှစ် ခု အတွက်
ဝန် ခံ စရာ ချေ ပချက် တွေခေါက် သိမ်း
ချစ် သူ………မင့် ရင် ထဲစိမ်း နေပေမယ့်
ကြွေကျတော့မယ့် နှင်းဆီဝါ လေး ကို
ခတ် ဖွဖွလေး နမ်း ပေး ပါ လို့ …….ဆုတောင်း ရင်း
မုဒိသာမျက်ရည် တစ် စက်
ငါ့…..ခေါင်း အုံး ပေါ် အိပ် စက် ခဲ့ ပါ ပြီ။ ။

ကောင်းကင်

မိုးရွာနေ တဲ့ ည အောက်



မိုး တစ် ည
နှိုး ထလာခဲ့ ရင် အစုံ
ဘ၀င်တုန် အောင် ချစ်ခဲ့
ရင်ခုန် မိတဲ့ ညများ
လွမ်းလောက်အောင် ပေး ခဲ့ သူ ရယ်
လမ်း ပြောက်သူအချစ် ညထဲ
တစ်ယောက် ထဲ လျှောက်နေဆဲ ပါ……..ချစ် သူ။ ။
မဝေးသေးတဲ့ အတိတ်
တွေးဆွေးလို့ ငေး မိပါ တယ်
ကြည်နှုးခဲ့ အရိပ်များ
ဘယ်စကား နဲ့ ပြောရ မယ် မသိ
ညနေ့ တွေ ပြောင်းလဲ ခဲ့ ပြီ
ဟောင်းသွား ပြီ လို့ ကိုယ် မထင်
အလွမ်း ရင့်ရင့် အရောင် များ နဲ့
အကောင်း စား ၀တ္ထု တစ် ပုဒ်
ရွေးထုတ် လို့ ကျန် နေခဲ့ ပြီ …..ချစ်သူ ။ ။
အသိ သိ က္ခာ ပ၀ါ ပါး
ခြားထားတဲ့ စည်း တစ်ချပ် မို့
မှား တယ်လို့ မဆိုလို
ငိုမလိုလို မျက်နှာထား နဲ့
ပကာသန မိုး ရေ တွေကြား
လှိုင်း ရမ္မက် တွေတိုက် ခတ် သွား တော့
မင့်……အချစ် တံတိုင်းလေးကျိုးကြသွား တာ
မိုးတစ်ညမှာ ထားခဲ့ ဖို့ လား ……ချစ် သူ။ ။
နှလုံး သားချင်း နီး လျှက်
သိုင်း ဖက် လို့ အ ထပ် ထပ် ချည်
မြဲ ပြီလို့ ကိုယ် ထင် ခဲ့
၇ုန်း ထွက်ဖို့ သူပြင်
ကိုယ်အချစ် စာမတင်လောက် ခဲ့ ပါ ဘူး
အရာထင် ကျန် တဲ့ နှလုံး သား
တိတ်တိတ် ကလေး အက်ခါ သွား တယ်
မင့်……သိပါ လေရဲ့ လား။ ။

ကောင်းကင်

Thursday, June 24, 2010

ဖြစ်ခဲ့တဲ့ သီအိုရီ




အလွမ်းနေမ၀င်သေးခင်အထိ ...
ငါဟာ ...
အချစ်ကို ကပိုကသီဝတ်ဆင်အလှပြင်ထား သူ ...
သူ့နှုတ်က ဖိတ်စင်လျှံကျလာသမျှ ...
ဆိုင်ဆိုင်မြိုင်မြိုင် ရယ်သံတီးလုံးတွေအောက်မှာ ...
ရှုသူမရှိဘဲ ကပြယောင်တမ်း သူ ...
ကောင်းကင်မရှိတဲ့ မိုးတိမ်တွေဆီ ...
ကျရှုံးပြိုလဲ နေကြောင်း ...
ကောင်မလေး သိပါ ...
မျက်ရည်တွေ ရှိုက်ကြီးတငင် အကြောင်းပြချက်မဲ့
ရွာချနေတာ ...
တီးတိုးရွတ်ဆိုမိ သူ ...
နှင်းဆီဆူးလို ချိုမြိန်ခြင်း နှုတ်ခမ်းပါးလေးနဲ့ အဆိပ်သင့် သူ ...

ကောင်းကင်

မငိုပါဘူး




ငိုနေသလား....
ဟင့်အင်း ငါမငိုပါဘူး..
ချစ်သူ အတွက် အပြုံးတပွင့် ငါဖန်ဆင်းတာပါ..။
ငါ နာကျင်နေသလား..
ဟင့်အင်း ငါမနာကျင်ပါဘူး...
ချစ်သူအတွက် ငါကြည်နူးနေတာပါ...။
တချိန်က တို့ နှစ်ဦး..
လမ်းအိုလေးအတိုင်း လျှောက်ခဲ့...
ခွဲခွာခဲ့ရတဲ့ ဒီလမ်းဆုံလေး ...
အခုတော့ တသက်စာ ခွဲရပြီလား....
ငါပျော်ပါတယ် ချစ်သူ...
မင်းရဲ့ ဘဝ လုံခြုံလှပ ပြီလေ...။
မငိုပါနဲ့ ချစ်သူ...
မုန်းလို့ ခွဲခွာတာမှ မဟုတ်ပဲ...
မင်းကို ငါအပြစ်မဆိုပါဘူး...။
လှည့်မကြည့်ပါနဲ့ ချစ်သူ...
မင်းနာကျင်တာကို ငါမမြင်ချင်လို့ပါ...
ငါ့မျက်ရည်ကိုလည်း မင်းမမြင်စေချင်လို့ပါ....။
ပြီးဆုံးပြီလား တို့အချစ်တွေ
ဟင့်အင်း ဘယ်တော့မှ မပြီးဆုံးပါဘူး...
ဆိုခဲ့တဲ့ သစ္စာအတိုင်းပေါ့...
ငါအသက်ရှင်သရွေ့  မင်းတစ်ယောက်သာ ချစ်သွားမှာပါ...။

ကောင်းကင်

မျှော်လင့်ခြင်း




အကြင်နာတွေ
ရင်မှာပိုက်လို့
အဝေးကပဲ ချစ်နေရတော့မှာလား ?
မျှော်လင့်ချက်ကလေးတော့ .
ရချင်တာပေါ့ ....................။
တကယ်လို့ ..
မင်းနှလုံးသားမှာသာ
အချစ်ဆိုတာ ရှိခဲ့ရင်
ကိုယ်တို့နှစ်ယောက်ရဲ့
ခြားနားခြင်းက
1 pixel မျဉ်းကလေး
တစ်ကြောင်းစာရယ်ပါ ....................။
အချစ်ဟာတိမ်တိုက်ဖြစ်ခဲ့ရင်
ရွာသာချလိုက်ပါ
မျှော်လင့်ခြင်း မြစ်တစ်စင်း
ကိုယ့်ရင်မှာ စီးဆင်းရင်း
ကြိုနေပါတယ် ........ ချစ်သူ .........။

ကောင်းကင်

လှတယ် ချစ်သူ




ကောင်မလေးရေ
လွမ်းလိုက်ရတာကွယ်
ဒီကောင့် ရင်ဘတ်ထဲမှာ
ပြည့်ပြည့်လာသလိုပဲ ..............
ပင့်ကူအိမ် အချစ်နွံထဲက
ရုန်းထွက်ဖို့ ကြိုးစားရင်း
အကြိမ်ကြိမ် ခြေခေါက်နေခဲ့ရသူ
ငါပါ .................
မင်းရဲ့ အပြုံးလေးအားကိုးပြီး
မိုက်ခဲ့တဲ့ ငါ.
အိမ်မက်တွေကို တူးဖော်ဖို့
ကြိုးစားခဲ့ရဲ့
ဘယ်မလဲ ......... ငါ့အိမ်မက်တွေ.
လွဲနေတဲ့ ငါ့နားလည်မှုတွေကြားထဲမှာ
အတိတ်စိမ်းတွေ ချခဲ့လေသလား
ပြင်လို့မရတော့တဲ့ ရောဂါဦးတွေနဲ့ .........
တစ်နေ့ထက် ....... တစ်နေ့
မင်းအပြုံးတွေ ခိုးစားရတာလဲ
ရင်နဲ့ မဆန့်တော့ဘူး လို့ပြောတော့
ချစ်စဖွယ် နှာခေါင်းလေးရှုံ့ပြလေရဲ့
အခုတော့ .............. စွမ်းအားရှင်အပြုံးလေး
ဘယ်မှာဝှက် ထားခဲ့သလဲ
အပြာရောင် လေပြည်ကလေးတွေ
ထွင်းထုပေးပါဦး ............
ဘာပဲပြောပြော .......
ကျွန်တော်ကိုယ်တိုင် ................
စွဲလမ်းခဲ့ဖူးတဲ့ အဲဒီအပြုံးပိုင်ရှင်လေးက
ပါးကွက်ကွက်ရင်
သိပ်လှလွန်းပါတယ် .....................

ကောင်းကင်

သတ်ပုံမှားတဲ့ "ည"




ချစ်သူတိုက်တဲ့
ကော်ဖီခါး တစ်ခွက်မှာ
ကျုပ် အသိအာရုံတွေ
တိမ်ဖုံးတဲ့ လဖြစ်ခဲ့ရ ..................
ချောင်းဟတ်သံအကြားမှာ
ချစ်သူ ကျုပ်အနားက
ဖွဖွလေးထ မျက်နှာခြင်းအပ်
သူ့ဆံနွယ်ရနံ့လေးက သင်းပျံ့လိုက်တာ ............
အို ...........
ကျူပ်ချစ်သူ ကျုပ်များ
ခိုးနမ်းတော့မှာလား ...............
ကျေနပ်တဲ့ အပြုံးတစ်စ
သူ့နှတ်ခမ်းပါးမှာ မြင်လိုက်ရ
ဖြည်းဖြည်းချင်းခွာ
ရွရွလေးရွှေ့
ဖွဖွလေးနင်း
တစ်ထစ်ချင်းဆင်း
`ဂျောက်´ ................
...................
ကျုပ်မှားပြီး ဖတ်ခဲ့မိတာပါ
တကယ်တော့ ...........
ကျုပ်ချစ်သူ ....... ကျုပ်ကို
ပစ်သွားခဲ့တာ ......... သေချာသွားပြီ .........

ကောင်းကင်

နောက်မှ......




အနူးညံ့ဆုံး
ခံစားချက် တစ်ခုကို
ကြက်သီးဖြန်းဖြန်းထ
ခုန်မင်ခဲ့မိ ............
အသာယာဆုံး စကားတွေ
ပြောဖို့ ကြိုးစားခဲ့တာလည်း
အချိန်နဲ့အမျှ ...........
သူ့အတွက် ဖြည့်ဆည်းပေးချင်တဲ့
ဆန္ဒတွေကို လှည်းပေါ်တင်ပြီး
လူကုန်းကြောင်း လိုက်ခဲ့ပြီးမှ
ကြာကြာဝါးလို့ ခါးသွားတာလား
အခါးတွေကို အကြာကြီး
ဝါးခဲ့မိလေသလား ............
သံသယတွေ ဗလုံးဗထွေးနဲ့
ငုံ့ကြည့်မိတော့မှ
ငါ့ရင်ဘတ်ကြီးထဲ
ဘာမှမရှိတော့အောင်
သူမ အကုန် သုတ် သွားတာပါလား ...........

ကောင်းကင်

Wednesday, June 23, 2010

ရှာဖွေနေသော သူ့အပြုံး




ပြုံးလိုက်ပါချစ်သူ
မင်းရဲ့ အပြုံးတစ်ချက်နဲ့ 
ကမ္ဘာတစ်ဝက်ပိုင်ရမယ်ဆိုတောင်
ငါ...မလဲဘူး
လမင်းရဲ့အလင်းရောင်
အေးမြမှုကိုပေးပေမယ့်
ချစ်သူ့ မျက်ဝန်းတစ်စုံလောက်
ငါ...မမက်မောဘူး
ကြယ်ရောင်တွေဖြာလင်း
ညအဆင်းဟာ
လှခြင်းတွေ ဝေဖြာ
သာယာနေပေမယ့်
ချစ်သူ့ အရိပ်လောက်
ငါ...မအေးမြပါဘူး
အလှဆုံး ချစ်သူရဲ့ အပြုံး
ကမ္ဘာမြေအဆုံးထိ
ငါ...ရှာဖွေနေဆဲလေ....

ကောင်းကင်

နေ့သစ်၏ နိဒါန်း




အရင့်အရင်အခါက
အချစ်ဆိုတဲ့အရာ
ငါ...အထင်ကြီးခဲ့တယ်
သစ်ရွှက်ကလေးတွေကို
အချစ်ငှက်ကလေးထင်
ငါ...ရင်ခုန်ခဲ့ဘူးတယ်
အပေါစားအနမ်းတွေအောက်
ပျောက်ရှသွားတဲ့ အချစ်ဦးကို
ငါ...ရစ်မူးရင်ခုန်ခဲ့ဘူးတယ်
ရှုးရှုးမိုက်မိုက်နဲ့ ဘဲ
စွဲလန်းမှုတစ်ခုအတွက်
အသဲဟက်တက်ကွဲဘူးတယ်
အဟုတ်လို့ ပင်
ငါ...ထင်မှတ်ထားခဲ့တဲ့အရာအားလုံးဟာ
အခုမှ...မှားမှန်းသိလာရတော့
ရင့်ကျက်မှုရဲ့ အစ
နောင်တတွေနဲ့ လှည့်အကြည့်
သတိတရ နဲ့ 
ထိရှ ရင့်ကျက် ရင်ခုန်သံ
လေးနက်မှု တန်ပြန် အလွမ်းတွေရယ်
ငယ်ဘ၀ရဲ့ ဒါဏ်ရာလေးတွေကို
ချိုမြိန်နေ့ သစ်လေးတွေက
ဖြေဆေးပေးကြလိမ့်မယ် ထင်ပါရဲ့  .....

ကောင်းကင်

အချစ်




အချစ်ဆိုတာ....
ပူပြင်းတောက်လောင်တဲ့
မီးစတစ်ခုဆို
ငါ့ ရင်တစ်ခုလုံး
လောင်ကျွမ်း ပြာကျသွားပါစေ
နင့်ကို ချစ်နေမှာပါ
အချစ်ဆိုတာ....
ပြင်းရှနာကျဉ်တဲ့
ဝေဒနာဆိုးတစ်ခုဆို
ငါ့ အသဲနှလုံး တစ်ခုလုံး
အဆိပ်သင့်သွားပါစေ
နင့်ကို ချစ်နေမှာပါ
အချစ်ဆိုတာ....
ရီဝေမူး ၀ိုင်တစ်ခွက်ဆို
ငါ့အသိဥာဏ်တွေ
ထုံထိုင်းပြာပါစေ
နင့်ကို ချစ်နေမှာပါ
အချစ်ဆိုတာ....

ကောင်းကင်

ရထားကြီးအလား




ဘ၀အမောတွေ
ပြေပျောက်ဖို့ အတွက်
ခဏလောက်တော့်
ရပ်နားခွင့်ပေးပါ
တစ်နေ.ပြီးတစ်နေ့ 
တစ်ညပြီးတစ်ည
ရှည်လျှားတဲ့ဘ၀တွေကို မောင်းနှင်
အားအင်တွေပြန်ဖြည့်
နောက်တစ်နေ့ ရဲ့ 
မနက်ဖြန်တစ်ခုအတွက်
အကြင်နာတွေ
ရင်နာတာတွေ
ဘာကိုမှ ခံစားနေဖို့ 
အချိန်တစ်ခု မပေးနိုင်လို့ 
ခဏလောက်တော့
ရပ်နားခွင့် ပေးပါနော်
ဘ၀ဆိုတဲ့ အချိန်ရထားကြီးရေ .......

ကောင်းကင်

သိစေလို သည်




ချစ်သူသို. ..........
တနေ.မတွေ.ရရင်
မနေတက်ဘူး ခင်
တနေ.မမြင်ရရင်ဖြင့်
ရင်နင့်အောင် လွမ်းနေရသူပါ
နေ.တိုင်းမြင်ချင်
တွေ.ချင်နေရဲ့
ချစ်သူ.စကားသံ
ချစ်သူ.ခြေသံ
အရိပ်တွေထင်
အသဲပြင်မှာ
မလွမ်းတက်သူရဲ.
လွမ်းသည့်အပူ
ချစ်သူသိစေ
သိကြားစေတော့..................

ကောင်းကင်

အဖေ




ထာဝရ ခွင့်လွတ်တယ် ဆိုတာသိခဲ့ပေမဲ့
လောကရဲ့ လက်ဦးဆရာ
ရဲရင့်ရှေ့ဆောင်
ခွန်အားတွေပေးခဲ့
မိသားစုအတွက်
ရှေ့မှာမားမားရပ်
အလံစိုက် ခေါင်းမော့
ရင်ကော့ခဲ့တဲ့
ခုချိန်ထိ ခွန်အားတွေပေး
အသိတွေပြောပြ
အလွမ်းတွေပိုက်ပြီး
သားသမီးတို့ အိမ်ပြန်မဲ့
အချိန် ကြင်ယာ ဇနီးလေးရဲ့
လက်ကိုဆွဲလို့
ထာဝရစောင့်နေတဲ့
မျက်နှာ ကျွန်တော်
မြင်ယောင်မိတာ
အခါခါဘဲ
ပါးစပ်ကသိပြီး
လက်ကပေးဆပ်မှု့
မပြုနိုင်လို့ ကျွန်တော်
ဒီနေရာလေးကဘဲ
တောင်းပန်လိုက်ပါတယ်
‘‘ အဖေ ’’

ကောင်းကင်

Thursday, June 17, 2010

အလွမ်း



ရောက်နေတုန်းကတော့ သတိမထားမိခဲ့ဘူး..
ရနေခဲ့တုန်းကလဲ တန်ဖိုးထားဖို့ မသိခဲ့ဘူး..
ဆုံးရှုံသွားပြီးမှနှမြောမိ
ဝေးကွာသွားမှ လွမ်းမောမိတယ်...။
အတိတ်တခုမှာတုန်းကတော့ .....
နှလုံးသားလေးဟာ လန်းဆန်းလို့ ...။
ခုတော့...
ဘယ်တုန်းကရခဲ့တဲ့ ဒဏ်ရာမှန်းမသိအောင် ..
ရင်မှာပြည့်နေလို့ ခဲ့ပြီ....။
တိုက်ဆိုင်မှု့ ရှိတိုင်း သတိရမိတဲ့အခါ
နှလုံးသားထဲမှာနာကြင်နေတုန်းပါ...။
အတိတ်ကိုပြန်ဆွေး၊ အားပေးသူ မဲ့ခဲ့လဲ..
အနာဂတ်ကိုတွေးအားမွေးခွင့်တော့ရချင်တယ်...။
ဖြစ်သင့်တာကိုဦးစားပေးခဲ့ရတဲ့..င့ါမြတ်နိုးခြင်းတွေဟာ
အဝေးကြီးဝေးခဲ့ရတဲ့မင်းဆီမှာ.ကျန်ခဲ့ပြီလေ...
တသက်စာအတွက် နှုတ်ဆက်ခဲ့ရင်း..
မင်းနဲ့ အဝေးဆုံးအရပ်မှာ...
လွင့်နေရင်း......
လွမ်းနေရင်းပေါ့....

ကောင်းကင်

ဥပက္ခာ လားကွာ


မုန်းရလွန်းလို့ မောလှပြီ....
မာယာမြိုင်ရဲ့ ကွန်ယက်အောက်မှာ
မှော်ပြုစားခံရသလို ...
မက်မက်မောမောမျှောနေမိတဲ့
ကိုယ့်ကိုယ်ကိုယ်လဲ
မိုက်လိုက်တာလို့ ပြေလိုက်မိတယ်။
ပိုးဖလံမျိုးမို့ မီးကိုတိုးတယ်...
မှားနေမှန်းသိပေမယ့်လဲ..
မေ့ပစ်ချင်လို့ မရအောင်ကို...
မေ့မေ့မူးမူး ယစ်မူးစွာနဲ့ 
အမှတ်မရှိ လွမ်းနေမိရုံ ကျေနပ်ခဲ့ဖူးသူပါ...။
ခုတော့...
နှလုံးသား မရှိ
ဆုံးခန်းရောက်သင့်ပြီ မို့
မင်းမလိုချင်တဲ့ မေတ္တာတွေကို
ဒီ့ထက်မပိုစေဖို့  သစ္စာဆိုရဲပြီ....။

ကောင်းကင်

*ဆန္ဒ*



နေမထွက်ခင် မျက်နှာသစ်ရတဲ့ဘ၀မှာ

အများမိုးခါးရေ သောက်သလို လိုက်သောက်ခဲ့ရ..။

ကြားရဖန်များလာတဲ့ နာရီသံတွေအောက်မှာ

ဖိနပ်တိုက်ဖို့တောင် အချိန်မမှီခဲ့ဘူး…။

မိုး တဖြောက်ဖြောက်ကျလဲ သွား…

နေ ကျစ်ကျစ်ပူလည်းလာ…

ဘယ်အရာမှာ အေးချမ်းခဲ့သလဲ ငါမသိ…။
ဗလာနတ္ထိ အခန်းထဲ

သောက တွေ ဖရိုဖရဲနဲ့

တစ်ခုခု ကို မျှော်နေဆဲ…။
ဝေးကွာခြင်းက အိမ်ရှေ့မှာ အသင့်

တခမ်းတနား မက်ခဲ့တဲ့ အိပ်မက်တွေလည်း

လေ အဝှေ့မှာ တဖြုတ်ဖြုတ် ကြွေပေါ့..။
ငါ့အတွက် စိတ်ငြိမ်ဆေး တစ်ခွက်ပေးပါ…

ငါ့ ဒဏ်ရာတွေ သွေး မထွက်ခင်

တစ်နေ့ တစ်ရက် လောက်

အသက်ရှုခွင့် ရသေးရင်ပေါ့

မင်းနားမှာ ပြန်လာ နေချင်သေးတယ်..။

ကောင်းကင်

*ချည်တိုင်ဟောင်း*



ဒီညအဖို့တော့……

မိုးခါးခါးတွေအောက်မှာ

အသည်းမကွဲဘဲ ငိုနေရသူပါ…။

ကြေကွဲသီချင်းနဲ့ မဆိုင်ပေမဲ့

သီချင်းတွေ နားဆင်နေမိ

အချိန်က ညဥ့်နက်နေပေါ့…။
ရိုးရာမပျက်တမ်း ပြောကြကြေးဆိုရင်
ကောက်ညှင်းဖက်ထုပ်ထက် ငါက

မိုးကျ လက်ဖက် ကို ပိုကြိုက်သူပါ…။

ဟိုး……..အရင်တုန်းက

ဂုန်နီအိတ်လေးတွေ ခင်းပြီး အိပ်ရတာကို

ငါ ကြိုက်တယ်…။
မုန့်ဘိုးလေး စုပြီးဝယ်ခဲ့ရတဲ့

လက်ပတ်နာရီလေးကို တမ်းတတယ်…။

ဦးလေး ပြောပြခဲ့တဲ့ အဖို အမ အကြောင်း

ပေါင်းစပ်မိရင် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်း

ငါ…. ကောင်းကောင်း မှတ်ထားတယ်….။
ဟိုနေ့က အမြန်ရထားကြီးစီးရင်း
ငယ်ငယ်က မန္တလေး သွားခဲ့တာကို

သတိရမိတယ်…။

Fat = ၀သော တဲ့

ငါ မှတ်မိနေသေးတယ်လေ

အဲဒီစာလုံးလေးကို မရလို့ အမ က ရိုက်တာ

ငါ့ တင်ပါးမှာ အရှိုးရာတွေပေါ့…။

အော်….ဘ၀တွေရယ်

မကြုံချင်ပေမဲ့ ကြုံခဲ့ရတယ်

မဆုံချင်လည်း ဆုံလာရတယ်

မခွဲချင်ပေမဲ့ ခွဲခဲ့ရတယ်….။

အဲဒီနေ့မနက်က..

မိုးတွေက ရွာလို့

ငါ့ ရဲ့ အဖေက ထာဝရ အိပ်ပျော်လို့

ငါတို့ကို ထားခဲ့တယ်…။

ငါ ချက်ချင်းမငိုမိဘူး..

ဒါပေမဲ့ ငါ နောက်ပိုင်းကျတော့ မျက်ရည်ကျမိတယ်

ဒီနေ့အထိပဲ…။

ငါတို့ ဘာဆက်လုပ်ကြမလဲ…

ငါတို့ရဲ့ဘ၀ကို ဘယ်လို ရုန်းကန်မလဲ

ဆွေးနွေးရပြီပေါ့..။

နိုင်ရာ ပိုင်ရာ တာဝန်တွေ ခွဲလို့

ငါတို့ လမ်းကို ၁၉၉၄ ခုနှစ်ကတည်းက လျှောက်ခဲ့တာ

အခုဆို ၁၆ နှစ် ရှိပြီပေါ့..။

၁၉ ဇူလိုင် မမေ့နိုင်တဲ့

ဟုတ်ပါတယ်….။

၂၀ ဇူလိုင်လဲ ငါ မမေ့နိုင်ပါဘူး

ငါတို့ရဲ့ ဖခင် က ငါတို့ကို အပြီးနှုတ်ဆက်သွားတဲ့နေ့လေ…။
ကဲ….ငါ့ဘ၀ကို စပြီပေါ့

အိမ်နားက စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်

ပေးတာယူ ကျွေးတာစား

တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေခဲ့ရတယ်…။


ကျောင်းရက်ရှည်ပိတ်တော့

ပန်းရံလုပ် ဆေးသုတ်

ကူညီညာလုပ်တာဆိုပေမဲ့ မုန့်ဘိုးတော့ရတာပေါ့…။
နွေရာသီ ကျောင်းပိတ်တော့

ငါ့အတွက် သင်တန်းဆိုတာမရှိ

အရာရာ နတ္ထိ… ပိုက်ဆံက အဓိက ဖြစ်ခဲ့တယ်…။

ဒီလိုနဲ့ ဘ၀တွေနာ…

စာတွေ ကြိုးစားရင်း ၁၀ တန်းဆိုတာကို

အောင်မြင်ခဲ့ရတယ်…။

ကျောင်းဆက်တက်ဖို့ ခက်ပြီ

အဲဒီတော့ …

ငါက ရန်ကုန်သွား မင်္ဂလာဈေး အထည်ဆိုင်မှာ ဈေးရောင်းရင်း

ပိုက်ဆံစု GTI တက်ဖို့ပေါ့

၁ နှစ်တော့ အောက်လိုက်ရတယ်လေ…..။

ကျောင်းဆင်းဆင်းချင်း

ရန်ကုန်မှာ အလုပ်ဝင်

တစ်ဖက်ကလည်း အဝေးသင် ဆက်တက်ပေါ့…။

ဒီလိုနဲ့ ၂၀၀၇ မှာ ဘွဲ့တွေရ..

ပိုက်ဆံရ…

အမေက ပျော်လို့…။

ဒီလိုနဲ့ ငါတို့ ရသလောက်ပိုက်ဆံစု

သူများတွေ ပူသလို ငါလည်း ပူရအောင်

စင်ကာပူကိုထွက် အလုပ်လုပ်ခဲ့တာပေါ့..။

ကဲ….ထားပါတော့လေ…

ဒီလို မိုးရွာနေပုံမျိုးနဲ့

အရင်ကလို မိုးကျလက်ဖက်သုတ်လေးကို

နမ်းစားရင်း

ရေနွေးကြမ်း လေး မှုတ်သောက်ရင်း

ဂုန်နီအိတ်လေးတွေပေါ်မှာ

ကွေးလိုက်ရရင်

စင်ကာပူရေ….

မင်းတို့ နိုင်ငံက Five Star Hotel တွေကို

ငါ….ငြင်းမိမယ်…

မင်းတို့ ကျွေးတဲ့ Steam Boat တွေကို

ငြင်းမိမယ်…။

မင်းတို့က ကြိုက်သလောက်သောက်ပါဆိုတဲ့

အအေးတွေ.. ကော်ဖီတွေကို

ငါ..ငြင်းမိမယ်…။
အရာရာဟာ ဘယ်လောက်ပဲ သစ်လွင်တောက်ပပါတယ်ဆိုပေမဲ့

စားကျက်တွေ ဘယ်လောက်ပဲ ကောင်းပါတယ်ဆိုပေမဲ့

အချိန်တန်တော့လည်း ကိုယ့်ရဲ့ ချည်တိုင်ကို လွမ်းမိတာပါပဲ….။

ကောင်းကင်

Sunday, June 13, 2010

သတိရမိသော မွှေးရပ်ဌာနီ ဧရာဝတီ





ယခုအချိန်မှာ ကျွန်တော်တို့ ဧရာဝတီတိုင်း ၊ငပုတောခရိုင်တွင် တည်ထားကိုးကွယ်ထားသော တန်ခိုးကြီးလှတဲ့ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကျင်းပသည့် အချိန်ကို ပြန်လည်ကျရောက်လို့လာပါပြီ. . . မြတ်မော်တင်ဘုရားသည် ဧရာဝတီတိုင်းတွင်း တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သောကြောင့် တပေါင်းလတွင် ပုသိမ်မြို့နှင့်တကွ ဘုရားပွဲကျင်းပသော မြတ်မော်တင်တောင်တွင် အထူးစည်ကား လျက်ရှိပါသည်။ မြတ်မော်တင် ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားပွဲတော်အချိန်ဆိုလျှင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွား သင်္ဘောများဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံလျက်ရှိပါတယ်. . .

စာဖတ်သူများအား မြတ်မော်တင်ဘုရားပွဲတော် သို့ သွားရောက်နိုင် ဖူးမျှော်နိုင်သည်ဖြစ်စေ၊ မသွားရောက် နိုင်သည်ဖြစ်စေ ဗဟုသုတရစေရန်အတွက် မြတ်မော်တင်စွန်းဘုရားပွဲတော်သမိုင်းအကျဉ်းကို ရေးသား တင်ပြလိုက် ပါတယ်.. . .

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာခြင်းဖြစ်ပါသည်။ ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။

ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေး သနား တော်မူ၏။ကုန်သည် ညီနောင်တို့သည် လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍၀မ်းမြောက်ရွင်မြူးစွာ ပင့်ဆောင်ခဲ့ကြ သည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါမဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူ ကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထား လေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြ ပြန် ရာတွင် ဇေယျသေနနဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်)အရပ်သို့ရောက်သို့ ရောက်ရှိကြ သည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။

ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီ တည် ထားရန် အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်) အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကိုနောင်အရှည်လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ် သော စိုင်တမော့ အရွယ်ရှိ စေတီတော်ကို တည်ထားကိုးကွယ်သည်။

ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ ထူးခြားသည် ဟုအဆိုရှိကြသည်။

သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည် သူမင်းကြီးသည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံးအဓွန့်ရှည်တည်တံ့စိမ့်သောငှာ အ၀န်းသံတောင် ၄၀၊ အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ်လူတစ်ရစ်ပါရမီဖြည့်ဆည်း၍တည်ထားတော် မူလေသည်။

မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ် ပူဇော်ပါက ရွှေသံ၊ ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင် လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော် ကွန့် မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့ကဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊ သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊ နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊ မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများ သိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊ နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲပွဲတော်ပြီးဆုံးသော အခါ လာရောက်ဖူးမြော်ကြခြင်း၊ ဘုရားဖူးများ အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိ။ကျန်းမာသက်ရှည် လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက် များ ရှိနေပါတယ်၊

တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း တပေါင်းလဆန်း ၁ ရက် (၁၃.၃.၂၀၁၀)မှ တပေါင်းလပြည့်နေ့ (၂၇.၃.၂၀၁၀) အထိ ပွဲတော်ရက်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးသွားပါပြီ ။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြို့နယ် ခမောက်မော်ဆိပ်ကမ်းသို့ ရှပ်ပြေးရေယာဉ်များဖြင့် လည်းကောင်း ၊ ရန်ကုန်မှတိုက်ရိုက် သွားလိုသူများအတွက် ရန်ကုန်-ပုသိမ် အမြန်သဘောင်္များ ပြေးဆွဲ ပို့ဆောင်ပေးလျှက်ရှိပါသည်။ ခမောက်မော် မှ တဆင့် မော်တင်တောင်ခြေအရောက် ခရီးသည်တင်ကား များဖြင့်ပြေးဆွဲပေးသည်။ ထိုမှလေးမိုင် ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက် ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့် ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက် များတွင် လူတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော် နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကောင်းကင်