လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, May 18, 2011

ဖွင့်ဟလာသော ငါ့နှလုံးသား ဧ။် စာသားများ



ရင်ထဲမှာသိပ်ချစ်မိတာကို
မင်းပဲ စိုးမိုးလို့နေတော့
ငါဟာတိတ်ဆိပ်စွာရူးသွတ်နေသလား
မေးမိတာအကြိမ်ကြိမ် ကိုယ့်ကိုကိုယ်……..
အချိန်တိုင်းမှာ မင်းမျက်နှာ ငါတမ်းတကာ
မြင်ယောင်နေမိတယ်.....
ငါဖုန်းလေး အော်မည်လာတိုင်းမှာ
မင်းပုံရိပ်လေးငါတွေ့ရတော့
ငါမနေနှိုင်အောင်သတိရမိတယ်
ငါ့ဖုန်းလေး ခေါ်မယ်ဆိုရင်တောင်
မင်းမျက်နှာလေးကြည့်ပြီးမှ
ခေါ်ခွင့်ရအောင်လုပ်ထားမီတယ်
မင်းမရှိရင် ငါမနေတတ်သလိုပဲ
မင်းအရိပ်လေး ငါ့ဘေးမှာရှိနေတာတောင်
ငါမကျေနပ်နှိုင်ဘူး ......
မင်းနဲ့ဝေးရင် ငါလေ သေသွားနှိုင်တယ်
မျှော်လင့်ချက်တွေ အားလုံးမင်းဆီမှာငါပုံအောထားတယ်
မင်းလေးဘယ်တော့သိလာနှိုင်မှာလဲ
ချစ်တယ်လို့ငါဖွင့်ပြောဖို့ အားယူလိုက်စဉ်
မင်းရှေ့အရောက်
ပျောက်ဆုံးသွားတဲ့ ငါ့ခံယူချက်နှင့်
ခံစားချက်တွေ ဘယ်လိုမှမကျေနပ်နှိုင်ဘူး……
အင်အားမရှိတော့တဲ့ လူတစ်ယောက်လိုပဲ
ငါကြောက်နေမိတယ်.......
မင်းစိတ်ဆိုးသွားမှာကို
မင်းရက်စက်သွားမှာကို
နောက်ထပ်ခင်မင်ခွင့်မရမှာကို
မင်းလေး မချစ်မှာကို ……..
မင်းမရက်စက်ခင်ကတည်းက
မင်းစိတ်မဆိုးခင်ကတည်းက
ငါလေ ဘယ်လိုမှ ရှုန်းမထွက်/ထ နှိုင်တော့ဘူး
မင်းအမိန့်ကိုနာခံဖို့ ငါလေ (ပြောမထွက်သေးပေမယ်) အသင့်ဖြစ်နေခဲ့မိပြီ
ရိုးသားစွာဖွင့်ဟပြောချင်တယ်…
မင်းလေးကို ငါသိပ်ချစ်နေလို့ပါ …

ချစ်ရသူ မင်းသိနှိုင်ပါစေ …

ကောင်းကင်