
ဘယ်သူ့ကိုမှအလျှော့မပေးတတ်တဲ့ငါ
မင်းရဲ့ရှေ့မှာဒူးထောက်ဖို့အဆင်သင့်ဖြစ်နေပြီ
ကဗျာတွေမခံစားတတ်တဲ့ငါ
အလွမ်းကဗျာတွေရေးတတ်နေပြီ
သီချင်းမြူးမြူးတွေကိုမှခံစားတတ်တဲ့ငါ
အဆွေးသီချင်းတွေကိုဆိုတတ်နေပြီ
ယောက်ကျာ်းလေးသူငယ်ချင်းတွေများတဲ့ငါ
အခုဆိုနင်အထင်လွဲမှာငါကြောက်နေပြီ
အလှအပမခံစားတတ်တဲ့ငါ
မင်းရှေ့မှာအလှဆုံးသူတစ်ယောက်ဖြစ်ချင်နေပြီ
ဘယ်အရာကိုမှအလေးမထားတတ်တဲ့ငါ
မင်းအတွက်အချိန်တွေအများကြီးပေးတတ်လာပြီ
အရင်တုန်းက သွေးအေးခဲ့တဲ့ငါ
မင်းကိုချစ်လို့ပြောင်းလဲသွားခဲ့ပြီ


No comments:
Post a Comment