လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Thursday, June 17, 2010

အလွမ်း



ရောက်နေတုန်းကတော့ သတိမထားမိခဲ့ဘူး..
ရနေခဲ့တုန်းကလဲ တန်ဖိုးထားဖို့ မသိခဲ့ဘူး..
ဆုံးရှုံသွားပြီးမှနှမြောမိ
ဝေးကွာသွားမှ လွမ်းမောမိတယ်...။
အတိတ်တခုမှာတုန်းကတော့ .....
နှလုံးသားလေးဟာ လန်းဆန်းလို့ ...။
ခုတော့...
ဘယ်တုန်းကရခဲ့တဲ့ ဒဏ်ရာမှန်းမသိအောင် ..
ရင်မှာပြည့်နေလို့ ခဲ့ပြီ....။
တိုက်ဆိုင်မှု့ ရှိတိုင်း သတိရမိတဲ့အခါ
နှလုံးသားထဲမှာနာကြင်နေတုန်းပါ...။
အတိတ်ကိုပြန်ဆွေး၊ အားပေးသူ မဲ့ခဲ့လဲ..
အနာဂတ်ကိုတွေးအားမွေးခွင့်တော့ရချင်တယ်...။
ဖြစ်သင့်တာကိုဦးစားပေးခဲ့ရတဲ့..င့ါမြတ်နိုးခြင်းတွေဟာ
အဝေးကြီးဝေးခဲ့ရတဲ့မင်းဆီမှာ.ကျန်ခဲ့ပြီလေ...
တသက်စာအတွက် နှုတ်ဆက်ခဲ့ရင်း..
မင်းနဲ့ အဝေးဆုံးအရပ်မှာ...
လွင့်နေရင်း......
လွမ်းနေရင်းပေါ့....

ကောင်းကင်

ဥပက္ခာ လားကွာ


မုန်းရလွန်းလို့ မောလှပြီ....
မာယာမြိုင်ရဲ့ ကွန်ယက်အောက်မှာ
မှော်ပြုစားခံရသလို ...
မက်မက်မောမောမျှောနေမိတဲ့
ကိုယ့်ကိုယ်ကိုယ်လဲ
မိုက်လိုက်တာလို့ ပြေလိုက်မိတယ်။
ပိုးဖလံမျိုးမို့ မီးကိုတိုးတယ်...
မှားနေမှန်းသိပေမယ့်လဲ..
မေ့ပစ်ချင်လို့ မရအောင်ကို...
မေ့မေ့မူးမူး ယစ်မူးစွာနဲ့ 
အမှတ်မရှိ လွမ်းနေမိရုံ ကျေနပ်ခဲ့ဖူးသူပါ...။
ခုတော့...
နှလုံးသား မရှိ
ဆုံးခန်းရောက်သင့်ပြီ မို့
မင်းမလိုချင်တဲ့ မေတ္တာတွေကို
ဒီ့ထက်မပိုစေဖို့  သစ္စာဆိုရဲပြီ....။

ကောင်းကင်

*ဆန္ဒ*



နေမထွက်ခင် မျက်နှာသစ်ရတဲ့ဘ၀မှာ

အများမိုးခါးရေ သောက်သလို လိုက်သောက်ခဲ့ရ..။

ကြားရဖန်များလာတဲ့ နာရီသံတွေအောက်မှာ

ဖိနပ်တိုက်ဖို့တောင် အချိန်မမှီခဲ့ဘူး…။

မိုး တဖြောက်ဖြောက်ကျလဲ သွား…

နေ ကျစ်ကျစ်ပူလည်းလာ…

ဘယ်အရာမှာ အေးချမ်းခဲ့သလဲ ငါမသိ…။
ဗလာနတ္ထိ အခန်းထဲ

သောက တွေ ဖရိုဖရဲနဲ့

တစ်ခုခု ကို မျှော်နေဆဲ…။
ဝေးကွာခြင်းက အိမ်ရှေ့မှာ အသင့်

တခမ်းတနား မက်ခဲ့တဲ့ အိပ်မက်တွေလည်း

လေ အဝှေ့မှာ တဖြုတ်ဖြုတ် ကြွေပေါ့..။
ငါ့အတွက် စိတ်ငြိမ်ဆေး တစ်ခွက်ပေးပါ…

ငါ့ ဒဏ်ရာတွေ သွေး မထွက်ခင်

တစ်နေ့ တစ်ရက် လောက်

အသက်ရှုခွင့် ရသေးရင်ပေါ့

မင်းနားမှာ ပြန်လာ နေချင်သေးတယ်..။

ကောင်းကင်

*ချည်တိုင်ဟောင်း*



ဒီညအဖို့တော့……

မိုးခါးခါးတွေအောက်မှာ

အသည်းမကွဲဘဲ ငိုနေရသူပါ…။

ကြေကွဲသီချင်းနဲ့ မဆိုင်ပေမဲ့

သီချင်းတွေ နားဆင်နေမိ

အချိန်က ညဥ့်နက်နေပေါ့…။
ရိုးရာမပျက်တမ်း ပြောကြကြေးဆိုရင်
ကောက်ညှင်းဖက်ထုပ်ထက် ငါက

မိုးကျ လက်ဖက် ကို ပိုကြိုက်သူပါ…။

ဟိုး……..အရင်တုန်းက

ဂုန်နီအိတ်လေးတွေ ခင်းပြီး အိပ်ရတာကို

ငါ ကြိုက်တယ်…။
မုန့်ဘိုးလေး စုပြီးဝယ်ခဲ့ရတဲ့

လက်ပတ်နာရီလေးကို တမ်းတတယ်…။

ဦးလေး ပြောပြခဲ့တဲ့ အဖို အမ အကြောင်း

ပေါင်းစပ်မိရင် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်း

ငါ…. ကောင်းကောင်း မှတ်ထားတယ်….။
ဟိုနေ့က အမြန်ရထားကြီးစီးရင်း
ငယ်ငယ်က မန္တလေး သွားခဲ့တာကို

သတိရမိတယ်…။

Fat = ၀သော တဲ့

ငါ မှတ်မိနေသေးတယ်လေ

အဲဒီစာလုံးလေးကို မရလို့ အမ က ရိုက်တာ

ငါ့ တင်ပါးမှာ အရှိုးရာတွေပေါ့…။

အော်….ဘ၀တွေရယ်

မကြုံချင်ပေမဲ့ ကြုံခဲ့ရတယ်

မဆုံချင်လည်း ဆုံလာရတယ်

မခွဲချင်ပေမဲ့ ခွဲခဲ့ရတယ်….။

အဲဒီနေ့မနက်က..

မိုးတွေက ရွာလို့

ငါ့ ရဲ့ အဖေက ထာဝရ အိပ်ပျော်လို့

ငါတို့ကို ထားခဲ့တယ်…။

ငါ ချက်ချင်းမငိုမိဘူး..

ဒါပေမဲ့ ငါ နောက်ပိုင်းကျတော့ မျက်ရည်ကျမိတယ်

ဒီနေ့အထိပဲ…။

ငါတို့ ဘာဆက်လုပ်ကြမလဲ…

ငါတို့ရဲ့ဘ၀ကို ဘယ်လို ရုန်းကန်မလဲ

ဆွေးနွေးရပြီပေါ့..။

နိုင်ရာ ပိုင်ရာ တာဝန်တွေ ခွဲလို့

ငါတို့ လမ်းကို ၁၉၉၄ ခုနှစ်ကတည်းက လျှောက်ခဲ့တာ

အခုဆို ၁၆ နှစ် ရှိပြီပေါ့..။

၁၉ ဇူလိုင် မမေ့နိုင်တဲ့

ဟုတ်ပါတယ်….။

၂၀ ဇူလိုင်လဲ ငါ မမေ့နိုင်ပါဘူး

ငါတို့ရဲ့ ဖခင် က ငါတို့ကို အပြီးနှုတ်ဆက်သွားတဲ့နေ့လေ…။
ကဲ….ငါ့ဘ၀ကို စပြီပေါ့

အိမ်နားက စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်

ပေးတာယူ ကျွေးတာစား

တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေခဲ့ရတယ်…။


ကျောင်းရက်ရှည်ပိတ်တော့

ပန်းရံလုပ် ဆေးသုတ်

ကူညီညာလုပ်တာဆိုပေမဲ့ မုန့်ဘိုးတော့ရတာပေါ့…။
နွေရာသီ ကျောင်းပိတ်တော့

ငါ့အတွက် သင်တန်းဆိုတာမရှိ

အရာရာ နတ္ထိ… ပိုက်ဆံက အဓိက ဖြစ်ခဲ့တယ်…။

ဒီလိုနဲ့ ဘ၀တွေနာ…

စာတွေ ကြိုးစားရင်း ၁၀ တန်းဆိုတာကို

အောင်မြင်ခဲ့ရတယ်…။

ကျောင်းဆက်တက်ဖို့ ခက်ပြီ

အဲဒီတော့ …

ငါက ရန်ကုန်သွား မင်္ဂလာဈေး အထည်ဆိုင်မှာ ဈေးရောင်းရင်း

ပိုက်ဆံစု GTI တက်ဖို့ပေါ့

၁ နှစ်တော့ အောက်လိုက်ရတယ်လေ…..။

ကျောင်းဆင်းဆင်းချင်း

ရန်ကုန်မှာ အလုပ်ဝင်

တစ်ဖက်ကလည်း အဝေးသင် ဆက်တက်ပေါ့…။

ဒီလိုနဲ့ ၂၀၀၇ မှာ ဘွဲ့တွေရ..

ပိုက်ဆံရ…

အမေက ပျော်လို့…။

ဒီလိုနဲ့ ငါတို့ ရသလောက်ပိုက်ဆံစု

သူများတွေ ပူသလို ငါလည်း ပူရအောင်

စင်ကာပူကိုထွက် အလုပ်လုပ်ခဲ့တာပေါ့..။

ကဲ….ထားပါတော့လေ…

ဒီလို မိုးရွာနေပုံမျိုးနဲ့

အရင်ကလို မိုးကျလက်ဖက်သုတ်လေးကို

နမ်းစားရင်း

ရေနွေးကြမ်း လေး မှုတ်သောက်ရင်း

ဂုန်နီအိတ်လေးတွေပေါ်မှာ

ကွေးလိုက်ရရင်

စင်ကာပူရေ….

မင်းတို့ နိုင်ငံက Five Star Hotel တွေကို

ငါ….ငြင်းမိမယ်…

မင်းတို့ ကျွေးတဲ့ Steam Boat တွေကို

ငြင်းမိမယ်…။

မင်းတို့က ကြိုက်သလောက်သောက်ပါဆိုတဲ့

အအေးတွေ.. ကော်ဖီတွေကို

ငါ..ငြင်းမိမယ်…။
အရာရာဟာ ဘယ်လောက်ပဲ သစ်လွင်တောက်ပပါတယ်ဆိုပေမဲ့

စားကျက်တွေ ဘယ်လောက်ပဲ ကောင်းပါတယ်ဆိုပေမဲ့

အချိန်တန်တော့လည်း ကိုယ့်ရဲ့ ချည်တိုင်ကို လွမ်းမိတာပါပဲ….။

ကောင်းကင်

Sunday, June 13, 2010

သတိရမိသော မွှေးရပ်ဌာနီ ဧရာဝတီ





ယခုအချိန်မှာ ကျွန်တော်တို့ ဧရာဝတီတိုင်း ၊ငပုတောခရိုင်တွင် တည်ထားကိုးကွယ်ထားသော တန်ခိုးကြီးလှတဲ့ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကျင်းပသည့် အချိန်ကို ပြန်လည်ကျရောက်လို့လာပါပြီ. . . မြတ်မော်တင်ဘုရားသည် ဧရာဝတီတိုင်းတွင်း တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သောကြောင့် တပေါင်းလတွင် ပုသိမ်မြို့နှင့်တကွ ဘုရားပွဲကျင်းပသော မြတ်မော်တင်တောင်တွင် အထူးစည်ကား လျက်ရှိပါသည်။ မြတ်မော်တင် ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားပွဲတော်အချိန်ဆိုလျှင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွား သင်္ဘောများဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံလျက်ရှိပါတယ်. . .

စာဖတ်သူများအား မြတ်မော်တင်ဘုရားပွဲတော် သို့ သွားရောက်နိုင် ဖူးမျှော်နိုင်သည်ဖြစ်စေ၊ မသွားရောက် နိုင်သည်ဖြစ်စေ ဗဟုသုတရစေရန်အတွက် မြတ်မော်တင်စွန်းဘုရားပွဲတော်သမိုင်းအကျဉ်းကို ရေးသား တင်ပြလိုက် ပါတယ်.. . .

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာခြင်းဖြစ်ပါသည်။ ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။

ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေး သနား တော်မူ၏။ကုန်သည် ညီနောင်တို့သည် လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍၀မ်းမြောက်ရွင်မြူးစွာ ပင့်ဆောင်ခဲ့ကြ သည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါမဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူ ကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထား လေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြ ပြန် ရာတွင် ဇေယျသေနနဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်)အရပ်သို့ရောက်သို့ ရောက်ရှိကြ သည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။

ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီ တည် ထားရန် အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်) အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကိုနောင်အရှည်လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ် သော စိုင်တမော့ အရွယ်ရှိ စေတီတော်ကို တည်ထားကိုးကွယ်သည်။

ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ ထူးခြားသည် ဟုအဆိုရှိကြသည်။

သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည် သူမင်းကြီးသည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံးအဓွန့်ရှည်တည်တံ့စိမ့်သောငှာ အ၀န်းသံတောင် ၄၀၊ အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ်လူတစ်ရစ်ပါရမီဖြည့်ဆည်း၍တည်ထားတော် မူလေသည်။

မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ် ပူဇော်ပါက ရွှေသံ၊ ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင် လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော် ကွန့် မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့ကဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊ သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊ နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊ မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများ သိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊ နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲပွဲတော်ပြီးဆုံးသော အခါ လာရောက်ဖူးမြော်ကြခြင်း၊ ဘုရားဖူးများ အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိ။ကျန်းမာသက်ရှည် လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက် များ ရှိနေပါတယ်၊

တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း တပေါင်းလဆန်း ၁ ရက် (၁၃.၃.၂၀၁၀)မှ တပေါင်းလပြည့်နေ့ (၂၇.၃.၂၀၁၀) အထိ ပွဲတော်ရက်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးသွားပါပြီ ။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြို့နယ် ခမောက်မော်ဆိပ်ကမ်းသို့ ရှပ်ပြေးရေယာဉ်များဖြင့် လည်းကောင်း ၊ ရန်ကုန်မှတိုက်ရိုက် သွားလိုသူများအတွက် ရန်ကုန်-ပုသိမ် အမြန်သဘောင်္များ ပြေးဆွဲ ပို့ဆောင်ပေးလျှက်ရှိပါသည်။ ခမောက်မော် မှ တဆင့် မော်တင်တောင်ခြေအရောက် ခရီးသည်တင်ကား များဖြင့်ပြေးဆွဲပေးသည်။ ထိုမှလေးမိုင် ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက် ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့် ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက် များတွင် လူတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော် နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကောင်းကင်

ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါး အကြောင်း

ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း


အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး

(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------
ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည်
ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည်
ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။

သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။

ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက
ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့
အုတ်ဂူဖြူဖြူပေါ်တွင်
“ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော
စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက်
စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။

သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ
ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက်
ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။

တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့်
ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့
သူရောက်လာခဲ့ခြင်းဖြစ်သည်။

အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။
ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍
စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’

သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက်
ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး
ဆုံးရှုံးသွားခြင်းဖြစ်သည်။

ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ
ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက
စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။
အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။

သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။
အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။
အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော်
နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။
သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့
သေချာပါသည်။

သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို
လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊
ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။

ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။

သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့
သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော
ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊
သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း
ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။

ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။

‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’

‘မှန်ပါဘုရား’

‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။
ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး
တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့
ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊
စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’

‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း
စိတ်ဝင်စားနေပါတယ်ဘုရား’

‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။
တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို
ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ
သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီ ဆိုသည့်ကလောင်နာမည်လေးကို
မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊
များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင်
ရေးနေတာလည်းဖြစ်နိုင်သည်။
း သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။ လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊
သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့
သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက
တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။
နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး
စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊
သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့
ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။

အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး
အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို
သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။
တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက
လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။
နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ေ
ရာက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန်
၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း
ဝင်ဘုဉ်းပေးလိုက်” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့
“ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို
တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊
ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ ထပ်ပြောပေမယ့်
သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး
ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ
စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က
မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး
၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။
အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’

‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။

‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။
ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ
ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း
မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့
ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’

‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’

‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့
သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။
ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ
အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက
သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက
ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို
ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး
သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။
ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း
ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့
ပြဿနာဖြစ်ကြတော့တာပဲ။

နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ
သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက
သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ
အားလုံးကလွန်ကုန်ပြီ။

တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့
စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။

တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ
တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက
ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့  ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့
သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့
ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေ လို့
နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’

ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။
စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။

“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ
့မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။
ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”

”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်... ၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင်
နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။
တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့ 
မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။
ကြွတော့...ကြွတော့။”

“မှန်ပါဘုရား”

သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။
လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။
ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ
ရပ်ကျန်ခဲ့သည်။

တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။
ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။

မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း
လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း
လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း
လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း
လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို
အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ
လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို
အသုံးပြုခဲ့သည်။

ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏
အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။
ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည်
အမြင့်သို့ လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။
အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း
ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို
ကောင်းကောင်းဖန်တီးနိုင်ပါသည်။

လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ,
ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည်
ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။
ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊
ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။

ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို
ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့
ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။
ဖတ်ပြီးရင်လည်း သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေးကြပါဦး။

ကောင်းကင်

ကျွန်တော် နှင့် အမေ

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့
ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

ကောင်းကင်

နှလုံးသား၏ စီမံရာ




အရာရာလွန်ခဲ့ပြီ
အခါခါပြန်တွေး ဆွေးမြည့်တဲ့ဒီအသည်း
လူ့အမြင်မတင့်တဲ့အရွယ်......

...ချစ်ချင်ရဲ့မချင့်မရဲ
မျက်ရည်တွေမမြင်ရက်သူ
ပန်းပျိုးလက်ရဲ့ဒဏ်ရာ
အမာရွတ်တွေအထပ်ထပ်

ကျေပါရစေ၀ဋ်ကြွေးရယ်
ဝေဒနာတွေထပ်ထပ်ပေးရင်
အားလုံးနဲ့ဝေးရာ
တာဝတိံသာကိုထပ်ချိန်း
ဇာတ်လမ်းလှလှလေး
ဆက်ပါရစေတော့...... စည်းကလည်း ခြားပီးသား
အချစ် အလွမ်း
ဒီလူအတွက် တသက်မှာတခါဆိုတာ
သက်မှတ်ပေးခဲ့ပါလား ဘ၀ရယ်

စောင့်တယ် ထိန်းတယ်
စည်းကမ်းရယ် သိက္ခာရယ်
ဒီလူ့ရင်ကို တချက်လောက်ဝင်ကြည့်
ကံကြမ္မာရယ် ငါ့ကိုမှရက်စက်လေခြင်း

သောကကို တယောက်တည်းခံစား
သံယောဉ်ဇဉ်ကို ဥပက္ခာတဲ့လူတွေ
အပြစ်တင်ရင် ဒီလူကိုရှေးတန်းမှာထား
သိသင့်တာက ဒီလူမှာလဲနှလုံးသားနဲ့လေ

ဦးနှောက်နဲ့ နှလုံးသား
ခံစားတာ စတေးတာတွေဟာ
နှလုံးသားရဲ့ အစီအမံဆိုတာ
လူတွေမေ့နေစမြဲ

ဈေးတွက်ပဲတွက်ကြေးဆို
လောကရဲ့အလှ ဘယ်နားမှာရှာမလဲ
အဖြစ်နဲ့အပြစ် ရောမချပါနဲ့
လူ့လောကရယ်

ကောင်းကင်

ချစ်သူ သိစေလို




အရင်က မင်းရဲ့ အနမ်းဟာ
ချိုပါတယ်
ငါ့ရင်ခွင်ဟာ နွေးထွေးတယ်လို့
မင်း ပြောဖူးတယ်
ကမ္ဘာသစ်မှာ နှစ်ယောက် အတူနေမယ်လို့
တိုင်တည်ခဲ့ကြတယ်နှော်
အရမ်းချစ်တယိလို့ မင်းအမြဲပြောတယ်
ငါ့ကို
အခု ငါ့ရင်ဘတ်ကြီးကို မင်းဝင်ကြည့်လေ့ပါ
ဘာမှမရှိတဲ့ ကောင်းကင်အပြာရောင်
ငါ့နှလုံးသားကိုကြည့်ပါ
ရဲရဲနီနေတဲ့ ပန်းသီးတစ်လုံး
ငါ့ရဲသွေးတွေကို ကြည့်လိုက်ပါ တက်ကြွနေဆဲ
မင်းထင်ထားတဲ့ ငါ့ဟုတ်ခဲ့သလား
မင်းမြင်ချင်တဲ့ အသေးကွဲသမား ငါ
ဖြစ်ခဲ့သလား
ငါတယ်ချစ်တတ်ပါတယ်
မင်းကိုလည်း ငါတကယ်ချစ်တယ်
မင်းမရှိလည်း ငါနေတတ်တယ်
မင်းမချစ်ခဲ့ပေမယ့် ငါမင်းကိုချစ်ခဲ့မိတယ်
ငါသိလိုက်ရတဲ့နေ့မှာ
နောက်ကျနေပြီ
ငါမှားပါတယ်လို့ ငါ့နှုတ်က ထွက်ကြလာချိန်ဟာ
ငါ့အတွက် (အသိတစ်ခုနဲ့ သတ္တိပဲ)
ချစ်တတ်ပြီး မခံစားးတတ်တဲ့
ငါ့နှလုံးသားကို
မင်းပဲ ဖြစ်ဖြစ်
ဘယ်သူပဲဖြစ်ဖြစ်
ဘယ်သူခွဲခွဲ ဒီအတိုင်းပဲ.........."ချစ်သူ"
ကောင်းကင်

နွမ်းလျမိခင် ဧရာဝတီသို့…

ဧရာဝတီ
အတီအတေကာလ
ဟိုး…. ပဝေသဏီကတည်းက
တို့ဘဝတွေရဲ့ မိခင်
တို့မိခင်မြေရဲ့ အသက်သွေးကြော
တို့သဘောအတိုင်းနု
တို့ပြုသမျှခံစား
တို့ရမ်းကားသမျှ သည်းခံ
တို့ပေးတဲ့ ဒဏ်ဗရပွနဲ့
မလှပတော့တဲ့သူ့အသွင်
ဟိုး..
ယခင်ကာလတွေနဲ့ယှဉ်ကြည့်
အမြင်သိနဲ့တောင်သိနိုင်ပါရဲ့
အိုဘဲ့..
မိခင်ဧရာဝတီ..၊
နေခြည်ပြင်းပြင်းအောက်မှာရော
မိုးပေါက်မိုးစက်တွေထဲမှာရော
နှင်းဖွဲဖွဲကြားမှာရော
ဟော..ကြည့်..၊
သူ့ပကတိရုပ်သွင်
ငယ်ရုပ်မဆင်နိုင်လင့်ကစား
သူအားရှိသလောက်သူထမ်း
သူလှမ်းနိုင်သလောက်လှမ်း
ပန်းချင်သလောက်ပန်း
နွမ်းချင်သလောက်နွမ်း
အားကုန်ခမ်းသွားပ(ပါ)စေ
သူ့တာဝန်သူကျေတယ်နော်..။
မြေပေါ်ကစိမ်းမြမြစိုက်ခင်း
သူ့ရင်တွင်းက နို့ရည်နဲ့ ပက်ဖျန်းပေးတယ်၊
တစ်နယ်ကနေတစ်နယ်
ကူးသန်းကုန်စည်စလှယ်
သူ့ရင်ဘတ်ပေါ်ကနေ သယ်ပေးတယ်၊
အသေးအမွှားကအစ
အကြီးအမားအဆုံး
အားလုံးသော ရေသတ္တဝါ
စားရေရိက္ခာာအတွက်
သူထုတ်အံပေးရှာတယ်၊
ဒါနဲ့တင်မက..
ညအမှောင်ကိုခွင်း
နေ့အလင်းအလား
ရေအားလျှပ်စစ်
သူဖြစ်ညှစ်ထုတ်ပေးရဦးမတဲ့
မတော်မတည့်လိုက်တာနော်..၊
သြော်… လူတွေ.. လူတွေ
အတ္တအမှောင်ဖုံးနေသူတွေ
ဒေါသအရောင်ဖုံးနေသူတွေ
လောဘအမိုက်ဖုံးနေသူတွေ
မောဟ စရိုက်ဖုံးနေသူတွေ
သောက အမှိုက်ဖြုန်းနေသူတွေ
မြစ်ရေကိုကန့်သပ်
စည်းတံတိုင်းအထပ်ထပ်ကာ
မြို့ရွာတွေပျောက်
တောတောင်တွေပျောက်
ရေအောက်ရောက်ကုန်ရော..၊
ပြောရင်းဆိုရင်း
သတင်းဆိုးတစ်ခုလာပြန်ပြီ
မြစ်အညာဆီကတဲ့..၊
မေခ၊မလိခ မြစ်နှစ်စင်းရဲ့အစပ်
ဧရာဝတီဖွားတဲ့အရပ်မှာ
ရေကာတာကြီးဆောက်ကြမတဲ့..၊
အိုဘဲ့ ဧရာဝတီ
အသင့်ဦးခေါင်းသည်ကား
လောဘသွေး..
မောဟသွေး…
ဒေါသသွေး…
သောကသွေး..
အတ္တသွေးတို့ဖြင့်
ချင်းချင်းနီလတ္တံ့..၊
လူညံ့၊ လူ့ဗာလ၊ လူမိုက်တို့သည်ကား
ဆင်ခြင်တုံတရားမရှိ
မျှော်ကြည့်နိုင်စွမ်းအားနည်း
အမိုက်အမဲ လူပလီတွေ၊
မကြံကောင်းမစည်ကောင်း
ကိုယ့်ခြေလက်ကို ဖြတ်ရောင်း
ကိုယ့်အသက်သွေးကြောကိုပိတ်
ကိုယ့်အရိပ်ကိုဖျောက်
ကိုယ့်အမောက်ကိုတိ
ကိုယ့်အသိကိုဖျက်
ခွေးကတက်မှာနေဖို့အရေး
ပေးဆပ်ရမယ့်ကြေးက
သူ့ကျွန်ဘဝ၊ ဝကျွန်ဘဝ
စိနကျွန်ဘဝဖြစ်သွားမတဲ့
ဘယ့်နှယ့် လုပ်ကြမတုံး..၊
ကယ်ကြပါအုံး(ဦး)
ကူကြပါအုံး(ဦး)ဗျာတို့
ခင်ဗျားတို့ကျွန်တော်တို့
နေ့ရက်ဆက်အသက်ရှင်သန်ဖို့အရေး
ပေးဆပ်ခဲ့ကာလကြာရှည်
အဆုံးအစမဲ့ ကျေးဇူးတွေရာချီ
အို..
မိခင်ဧရာဝတီ..။
ကျော်မင်းဆွေ