လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, June 23, 2010

ရှာဖွေနေသော သူ့အပြုံး




ပြုံးလိုက်ပါချစ်သူ
မင်းရဲ့ အပြုံးတစ်ချက်နဲ့ 
ကမ္ဘာတစ်ဝက်ပိုင်ရမယ်ဆိုတောင်
ငါ...မလဲဘူး
လမင်းရဲ့အလင်းရောင်
အေးမြမှုကိုပေးပေမယ့်
ချစ်သူ့ မျက်ဝန်းတစ်စုံလောက်
ငါ...မမက်မောဘူး
ကြယ်ရောင်တွေဖြာလင်း
ညအဆင်းဟာ
လှခြင်းတွေ ဝေဖြာ
သာယာနေပေမယ့်
ချစ်သူ့ အရိပ်လောက်
ငါ...မအေးမြပါဘူး
အလှဆုံး ချစ်သူရဲ့ အပြုံး
ကမ္ဘာမြေအဆုံးထိ
ငါ...ရှာဖွေနေဆဲလေ....

ကောင်းကင်

No comments:

Post a Comment