လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Thursday, June 24, 2010

မျှော်လင့်ခြင်း




အကြင်နာတွေ
ရင်မှာပိုက်လို့
အဝေးကပဲ ချစ်နေရတော့မှာလား ?
မျှော်လင့်ချက်ကလေးတော့ .
ရချင်တာပေါ့ ....................။
တကယ်လို့ ..
မင်းနှလုံးသားမှာသာ
အချစ်ဆိုတာ ရှိခဲ့ရင်
ကိုယ်တို့နှစ်ယောက်ရဲ့
ခြားနားခြင်းက
1 pixel မျဉ်းကလေး
တစ်ကြောင်းစာရယ်ပါ ....................။
အချစ်ဟာတိမ်တိုက်ဖြစ်ခဲ့ရင်
ရွာသာချလိုက်ပါ
မျှော်လင့်ခြင်း မြစ်တစ်စင်း
ကိုယ့်ရင်မှာ စီးဆင်းရင်း
ကြိုနေပါတယ် ........ ချစ်သူ .........။

ကောင်းကင်

No comments:

Post a Comment