လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Monday, September 13, 2010

ပန်းတပွင့်၏ ....



ပန်းတပွင့်
ပွင့်သစ်စရွယ်
ပန်းနုနယ်ကို
ချူချင်သူဝိုင်း
သစ်ရွတ်လှုပ်တောင်
ရယ်ချင်တတ်တဲ့
ပျိုစင်ချိန်မှာ
စိတ်အလိုလိုက်
ကြည်နူးသက်ဝင်
မညွတ်ချင်ပဲ
ခဏတာအပျော်တွဲ
စိတ်ကူးလိုက်ရင်
ပန်းပွင့်ခမျာ
အလှတင့်တယ်
လှပချိန်မှာ
ပန်းဘ၀ညိုး
နွမ်းကြွေကာမြေခ
ကြွေမိမှာစိုးမိတယ်
ပန်းပွင့်လေးရေ..................။

မီးဆိုတာ..ကစားကောင်းတဲ့
အရာမဟုတ်သလို
အချစ်ဆိုတာ...ကစားကောင်းတဲံ
အရာမဟုတ်
အပျိုစင်ပန်းလေးရေ
နူပျိုစဉ်မှာ
ကိုယ့်ကိုကိုယ်မြတ်နိုးမှ
သူတပါးကိုယ့်ကိုမြတ်နိုးမယ်
ကိုယ့်ကိုကိုယ့်မြင့်တင်မှ
သူတပါးတန်ဖိုးထားမယ်
အပျိုစင်ဘဝ
လှပနိုင်ဖို့
ဂုဏ်သိက္ခာစည်းဝိုင်းထဲမှာ
က္ကုနြေ္ဒဆိုတဲ့ဆူးခတ်ကိုဝိုင်း
သိမ်မွေ့အပြုအမူ
နူးညံ့တဲ့အပြုံးတွေနဲ့
လွမ်းခြုံပြီး
ပန်းပွင့်ဘ၀အလှတင့်အောင်
ထိန်းသိမ်းရအောင်...........................။

ကောင်းကင်