လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Saturday, June 26, 2010

`ပျက်အစဉ် ပြင်ခဏ´



စိတ်မကောင်းဘူး
မိန်းကလေးရယ်...
ပြန်တွေ့ရတဲ့ခဏ
အံ့သြရလောက်အောင်
မင်းခံစားနေရတာ
မြင်ရလို့ပါ....
လက်ရှိဘ၀ထက်
အလှကို မက်မော
မောဟ တောထဲမှာ
လောကကို ယှဉ်ပြိုင်
အနိုင်လိုချင်စိတ်နဲ့
အရွဲ့ဆက်တိုက်ရင်တော့
မင်းဆက်မှားသွားမှာပေါ့...
ဒီလိုပဲလေ
ကိုယ်စီကြုံမြဲ
အခက်အခဲ ဆိုတာတော့
လူတိုင်းမှာ ရှိကြတာပဲလေ...
ဒါကိုမမှု အံမတုပဲ
ဆန္ဒကို ဦးစားပေး
မှားယွင်းတဲ့ အတွေးတွေနဲ့
ဖြစ်ချင်ရာဖြစ်
စိတ်စေရာညွှန်
အဆုံးစွန်ထိ မိုက်ခဲ့လို့
ပြန်ကာတမ်းတ
ပြင်မရတဲ့ နောင်တတွေနဲ့
`အမှား´ ဆိုတာ မင်းကြုံခဲ့ရတာပဲ...
ဝမ်းနည်းစရာပဲ
နောင်တဆိုတာ
နောင်မှ ရတတ်တယ်ဆိုတာ
စောစောကတည်းက
မင်းသိဖို့ကောင်းတယ်....
ရင်ထဲလှိုက်လျက်
မင်းရဲ့ပါးပြင်ထက်က
မျက်ရည်စက်တွေကို
မင်း တန်ဖိုးထားစမ်းပါ
`ပျက်အစဉ် ပြင်ခဏ´ တဲ့
နောက်တစ်ကြိမ်
နောင်တမရအောင်
ကြိုးစားပေါ့ မိန်းကလေးရယ်...

ကောင်ကင်

No comments:

Post a Comment