လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Thursday, June 24, 2010

နောက်မှ......




အနူးညံ့ဆုံး
ခံစားချက် တစ်ခုကို
ကြက်သီးဖြန်းဖြန်းထ
ခုန်မင်ခဲ့မိ ............
အသာယာဆုံး စကားတွေ
ပြောဖို့ ကြိုးစားခဲ့တာလည်း
အချိန်နဲ့အမျှ ...........
သူ့အတွက် ဖြည့်ဆည်းပေးချင်တဲ့
ဆန္ဒတွေကို လှည်းပေါ်တင်ပြီး
လူကုန်းကြောင်း လိုက်ခဲ့ပြီးမှ
ကြာကြာဝါးလို့ ခါးသွားတာလား
အခါးတွေကို အကြာကြီး
ဝါးခဲ့မိလေသလား ............
သံသယတွေ ဗလုံးဗထွေးနဲ့
ငုံ့ကြည့်မိတော့မှ
ငါ့ရင်ဘတ်ကြီးထဲ
ဘာမှမရှိတော့အောင်
သူမ အကုန် သုတ် သွားတာပါလား ...........

ကောင်းကင်

No comments:

Post a Comment