
သူတို့တွေ….
ခေတ်အဆက်ဆက်
မိရိုးဖလာအတိုင်း
ခြွေချခဲ့တဲ့ သံစဉ်တစ်ပုဒ်လို...
ဒါမှမဟုတ်…
ဆန်းသစ်မှု့တစ်ခုလို...
ကိုယ့်အနုပညာ…
ကိုယ့်ဆိပ်ကမ်းအတွက်…
ရာသီအလိုက်
ပန်းတွေအသီးသီး ဖူးပွင့်ကြတယ်….။
တစ်ခါတစ်လေ
အိုမာခရမ်ရဲ့ ကဗျာလေးတွေ
ရွတ်ချင်ရွတ်နေမယ်…
တစ်ခါတစ်လေ
အချစ်၊ ဝိုင်တစ်ခွက် နဲ့ ကဗျာတွေမရှိတဲ့
ညနေခင်းအကြောင်း
ကြေကွဲကောင်းကြေကွဲမိမယ်…
မောင်ချောနွယ်ပြောသလို..
“ကဗျာဆရာဆိုတာ ဒဏ်ခံကြိုးလေးတစ်ချောင်းတဲ့”
ဒီကြိုးလေးမပြတ်သေးသရွေ့
ဒီကမ္ဘာမြေကြီးပေါ်မှာ
အပူဒဏ်ကိုမမှု့ပဲ
နှစ်ရှည်ပင်တွေ
လက်ဆင့်ကမ်း စိုက်နေမယ့်သူတွေ….။
ဟေး….ပင်လယ်ကြီး…
လှိုင်းလေ ဘယ်လောက်ကြီးကြီး
မုန်တိုင်းဘယ်လောက်ထန်ထန်
ငါတို့….အနုပညာ
ငါတို့….ပန်းတိုင်အတွက်
ငါတို့…ကပ်မယ့်ဆိပ်ကမ်း
ဘယ်တော့မှ သောင်မထွန်းစေနဲ့…..။
ကောင်းကင်


No comments:
Post a Comment