လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Tuesday, June 29, 2010

အမေ့အတွက် ဆုတောင်းလေး



အမေ..
ဘ၀ရဲ့ လမ်း
ဖြောင့်တန်းအောင်မြင်
ပျော်ရွှင်ခဲ့ အောင်
ဆောင်ကြဉ်းပေးခဲ့တာ
အမေ ပါ အမေ....

ဒါပေမယ့် လေ
အမေ့ ကိုစွန့်ခွာ
ပျော်ရာမနေ
တော်ရာမှာနေရ
သားဘ၀ပါအမေ...

ဘ၀အမောနွေ
သောကတွေထဲလွမ်း
ပင်ပန်းလွန်းက
တမ်းတမိခဲ့တာ
အမေပါ အမေ...

တခါတလေ
ပျော်စရာတွေတွေ့ 
မေ့ပျောက်ကာသွား
အမေက၀ိုးတ၀ါးနဲ့
သားမှားခဲ့ တယ် အမေ...

နှုတ်ဖျားကမဆိုသာ
အမေ့ နားမနေရပေမယ့် 
မေ့မေတ္တာ မကုန်ခမ်း
ရွှင်လန်းလို့ကျန်းမာစေ…..

ကောင်းကင်

No comments:

Post a Comment