လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, March 14, 2012

ရင်ထဲက ကဗျာ



အသွင်တူပေမယ့် ဘဝင်မတူလို့
မင်းနှင့် ငါချစ်ခဲ့တာ…….
မင်းနှုတ်ခမ်းလေးနှင့် ချိုသာတဲ့ စကားတွေကို
မင်းဆီက ငါရရှိခဲ့
နွေးထွေးချင်းတွေရယ်
ယုံကြည်လာအောင် ငါ့ အပေါ် ယုရခဲ့တာ၇ယ်
ငါလေ ………….မယုံနှိုင်ဘူး
တခါတရံ မှာ ငါကြောက်မိတယ်
နွေနေပူမှာ ရေးတဲ့ နွေကဗျာလို
ချစ်နေပေမယ့် လွမ်းနေရတဲ့ ဥသြငယ်
ရင်ထဲ ပူလောင်စေတဲ့ သူ့ခံစားချက်………
တခါတရံ ဝမ်းနည်းလွန်းလို့
ဖြတ်သန်းလာတဲ့ သူ့မျှက်ရည်တွေတောင်
မျှက်ခမ်းအောက်မှာ ပျောက်ရှခဲ့တယ်….
ငါ့ရဲ့ အချစ်တွေက ငါအတွက်…..
နွေကဗျာ တစ်ပုဒ် မဖြစ်စေချင်ဘူး……..
ရင်ထဲကစကားပဲ
မင်းကို ချစ်တယ်လို့ ငါအကြိမ်ကြိမ် ပြောမိပါတယ်
ယုံကြည်ပေးပါ ချစ်ရသူ မင်းလေး……
ရင်ထဲက ကဗျာပါ………
ချစ်သူသိစေ ………….

ကောင်းကင်

Tuesday, March 13, 2012

ကဗျာ




မနက်ရောင်နီ နေခြည်ဖြာကျ

ငါအထမှာ.......

နာကျင်ရာ နှလုံးသားကို ပွေ့ဖက်

မြတ်နိုးမှု့တွေ အထက်.....

မိုက်မဲမှုတွေ အထက်......

ခံစားခြင်း အတွေးတွေကို စီးမျော

စို့နင့်မှု သဘောတွေရဲ့ အဖြေက

နာကျင်ရာကို မှင်သားချ

စကားလုံးတွေရဲ့ အဓိပ္ပါယ်အရတော့

ဒါဟာ...."ကဗျာ" ',,,,,,,, ။

နေ့နဲ့ည....

မနေ့ကနဲ့ မနက်ဖြန်

ရာသီအစုန်အဆန်

အိမ်အ၀င် တံခါးငယ် ပတ္တာညောင်း

ဒုက္ခသဏ္ဍန်ပြောင်း အိုဟောင်းဒုက္ခတွေ ,,,,,,,,,

ပြက္ခဒိန် အခြေ

ဒဏ်ရာတွေ ဘ၀မှာ တဖြုတ်ဖြုတ် ကြွေနေတယ်..........။

သဘာဝနဲ့ သင်္ခါရ ကြား

ဖြစ်ပျက်တွေ မရပ်မနား စီစဉ်

နာကျင်ဖွယ်ရာ ဒီဒုက္ခ

အို ၊ နာ ၊ သေ ခန္ဓာအိမ်တဲ့လား..............။

*** ငါ...... ငါ....... ငါ.......

အတ္တကို အရောင်ချယ်ပြီး

သက္ကရဇ်တွေကို ဒေါင့်ဖြတ်ကူး

ငါ ရူးရင်း ရူး......

ငါ မူးရင်း မူး......

ငါ ထူးရင်း ထူး......

ငါတွေ မြူးလို့

.........

အလင်းစ ဘ၀မှာ ခဏခဏရပေမယ့်

လက်တွေ့မှာ ငါသွားမရ

နှောင်ဖွဲ့မှု ဒုက္ခတွေက

တရစ်သီသီ တ၀ဲလည်လည်

အရောင်မဲ့ ဒုက္ခအမှောင်ထဲ

ငါ.........

ငါ ,,,,,,,,,

ငါဆိုတာလည်း ဆက်လည်ဆဲ.......

လမ်းပျောက် ဆဲ........

မိုက်မဲ ဆဲ......

အိုမင်း ဆဲ......

တဏှာတွေကြား ပျှော်ပါးလို့ အားရဆဲ.......

ငါ့ ခန္ဓာအိမ်ထဲ...... သွေးကြားမှာ ပျစ်ခဲနေတာ...

ငါကိုယ်တိုင် စေ့စေ့ငင ပြန်ရှာ

ဒါ...... အ၀ိဇ္ဇာ....၊

ဒါ......ခန္ဓာ(၅)ပါး ......၊

ဒါ.......ရုပ်နဲ့ နာမ်.....၊

ဒါ.....ဓါတ်ကြီး(၄) ပါး.....၊

ဘ၀အစအဆုံး..... ဒီလိုသာ မသိမှုနဲ့ ငါဆက်ရုန်းရင်

သံသရာတစ်လျှောက်လုံး...

ငါ...ဆိုတာ အဖန်ဖန် သေရဦးမယ်........။

ကောင်းကင်

အမေ့ အတွက်




မိသားစုဗိမာန်မှာ ...

စည်းလုံးမှုအလံကိုဖြုတ်

ထင်ရာလုပ်သွားတဲ့ သားတွေအတွက်

ချိုးဖဲ့ခံလိုက်ရတဲ့ ယုံကြည်ချက်တစ်ခု

ကျိုးပျက်သွားတဲ့ မျှော်လင့်ချက် နံရံ

တွန်းကန်ထွက်လာစရာ မလိုတော့တဲ့

ဒေါသ.................သောက

ဟိုတစ်ချိန်ကထက်တော့ သာမှာပါ။

အညိုရောင် ယောဂီဝတ်စုံ

ခိုလံႈစရာ ဗုဒ္ဓဓမ္မ

ရသမွ် ကာလတစ္ခု

ရႈစရာ ၀ိပသ္သနာတရား

လက်ကိုင်ထားရင်း

အားတင်းလိုက်ပါအမေ......။

သူကမထား........

ကိုထားခဲ့ရမယ့်လောက

ကိုယ်မထားချင်ပေမယ့်

ယူသွားလို့မရတဲ့ လောက

ဘ၀က အကြိမ်ကြိမ်သေဖူးသူမှ

ရှင်သန်ထမြောက်ရဲတာ။

အဲဒါတွေသိနေတဲ့ အမေက

မချိပူရတဲ့ ဒုက္ခ

မသိလို့ ဆူကြွတဲ့ သောက

လောဘ............ဒေါသ

မောဟတို့ဝေးကွာရာ

အညိုရောင်ဝတ်စုံလေးရဲ့အထံမှာ

အတိတ်ကိုလည်း အတွေးမပြန်

အနာဂတ်ကိုလည်း တွေးမကြံ

ပစ်စုပ်ပန် လမ်းသစ်လေးများလျှောက်

ပန်းပွင့်လေးများ ကောက်ခါ

ဘ၀ကို စတေးခဲ့ပါ အမေ......။ ။

ကောင်းကင်

လမ်း....




ငါ...

ခြောက်ကပ်တဲ့ရယ်သံတွေ

အန်ထုတ်နေမိတယ်။

အသည်းကြွေမျက်ရည်စတွေနဲ့ပေါ့

တကယ်တော့နင်ဟာငါ့အတွက်

ရယ်စရာမကောင်းတဲ့ဟာသတစ်ပုဒ်ပဲ။

ဒါကို...

ငါ့အသည်းအိမ်ထဲမှာ အချစ်တွေ

ပီပြင်စွာထုဆစ်ပြီးမှသိခဲ့ရတယ်။

ဘယ်မှာလဲ...

နွေးထွေးခဲ့တဲ့အကြင်နာတွေ

ပူပြင်းလောင်ကျွမ်းမှုတွေနဲ့အဆုံးသတ်ခဲ့။

ဘယ်မှာလဲ...

အေးမြခဲ့တဲ့မေတ္တာတွေ

မိုင်းနပ်(စ်)ပြနေတဲ့အပူချိန်လို

ရှင်သန်ခြင်းစိတ်ဝိညာဉ်ကိုနုတ်ယူစွမ်းနိုင်တဲ့

အေးစက်ခြင်းတွေနဲ့နိဂုံးချုပ်ခဲ့။

ဘယ်မှာလဲ...

အသက်တည်နေသရွေ့ခိုင်မြဲနေမယ့်

သစ္စာတရားတွေ

ပြောင်းလဲခြင်းဆိုတဲ့သင်္ခါရရဲ့အောက်

သိမ်မွေ့စွာဒူးထောက်ပြီး

အသင်္ချေအရှုံးတွေနဲ့ပြီးဆုံးခဲ့။

လူတစ်ယောက်ရဲ့ ရှေ့မှောက်

ဒူးထောက်ဖို့ဝန်မလေးခဲ့သလို

သစ်စိမ်းချိုးလည်းချိုးရက်တဲ့ နင့်ချစ်ခြင်းကို

ငါတမ်းတမနေတော့ဘူး။

ခွဲခွာခြင်းဆိုတဲ့ဒီလမ်းခွဲမှတ်တိုင်မှာ

မာနတစ်ခုအရင်းပြုလို့

ငါ့နှလုံးသားကိုအဆုံးစီရင်လိုက်မယ်။

စိန်လိုက်ချစ်သူ...

နင်ရွေးချယ်ခဲ့တဲ့လမ်း

နောက်လှည့်မကြည့်ဘဲဆက်လှမ်းသွားပါ

နောင်တဆိုတာမရှိကြစတမ်းပေါ့။


ကောင်းကင်