လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Tuesday, June 29, 2010

ခွင့်လွတ်ထားပါတယ်



ချစ်သခင်ရယ်..
နားခိုရာရင်ခွင်မဲ့ ..
မငဲ့ ကွက်နှလုံးသား..
ထားခဲ့ရက်ပြီနော်..
ပျော်ပါစေတော့ကွယ်....
အခုကိုယ်လေ..
မျက်ရည်တွေချောင်းစီး..
အထီးကျန်နေခဲ့ရှာ..
ဒီကမ္ဘာလွမ်းမစဲ..
သောကတွေနဲ့ပေါ့ကွယ်....
တကယ်ဆိုရင်..
အကြင်နာရှားပါး..
မင်းမုန်းလို့သွားခဲ့...
အားငယ်ခဲ့ကိုယ်ဟာ..
သိပ်ချစ်တတ်သူပါကွယ်....
မုန်းမေ့ရက်သူရယ်...
တွယ်တာလို့ရစ်နှောင်..
သံယောဇဉ်ကြိုးကိုရှောင်ဖို့..
ကိုယ်ကြိုးစားရလိမ့် မယ်..
ကိုယ်ကြိုးစားရလိမ့်မယ်..ကွာ....

ကောင်းကင်

No comments:

Post a Comment