လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Sunday, July 4, 2010

လေလွင့်ချင်း......



ဝေါ.....ခနဲ တိုက်တဲ့လေ
ငါ့အတွက် ကြမ်း တယ်လို့ မဆိုပေမယ့်
ထိတွေ့နေကြမို့
လှပဖို့ မဖြစ်နှိုင်ဘူး ဆိုတာ ငါသိခဲ့
အံ့ဩောစရာလွဲချော်မှုနဲ့

ရင်ဘတ်ကို ထိမယ် လို့ မထင်
နိယာမကို သိလျှက် မမြင်

လေအနှင်မှာပါ လာတဲ့ သစ်ရွက်
ယူငင်လို့ ကြည့်မိတဲ့ ငါ

အများအမြင်မှာ သာမန်ပါ လို့ ဆိုကြ
အရိုး အတံအရွက် မပါ တဲ့ ပန်း

ထူးကဲ အံမခန်း လှစခန်းဖွင့် လို့ ဘယ် မရ

အထောက်အကူပေး ရတဲ့ မင်းဘဝ

အညတရမဟုတ် ခဲ့ ပါ

ပို ပြီး လေးနက် လှ တယ်ဆိုတာငါ အသိ
မျှတမှုမရှိတဲ့ လောက

သင်ခန်းစာတွေ အထပ်ထပ် ရ တယ်
ယူတတ် အောင်ယူလိုက် စမ်း ပါ
မာယာတစ်သောင်း နဲ့

လောက အကြောင်း ကို
ငါကောင်း ကောင်း နားမလည်ခဲ့ ပေမယ်
ခရီးတစ် ထောက် နား လာတဲ့ မင်းကို
အိပ် သွန်ဖာမှောက် ပေး ခဲ့ တာက
ပျော်ရွှင်မှုများ ရက်ဆက်နေဖို့
နွံနစ်လို့ မြုတ်မသွား အောင် ဆွဲ ယူ

ရှိသလောက် အား တတ်သလောက် အသိနဲ့

ဖေးမလို့ တွဲ ကူ

နောက် ခရီး တစ်ခု ရှိနေသေးတာ သိနေသူမို့
အားမာန်ရယ် ဖြည့်ကာပေး ခဲ့
ခဏတာ တွေ့ဆုံမူရယ်က
ဘ၀တစ်ခုလုံး ခြုံမိလိုက်တာ သူ မသိ
ယိုင်ယိုင်ယဲ့ယဲ့ ငါ့ အား နက် ချက် တွေနဲ့

ဖမ်း ဆုပ်လို့
ကိုင်မထား ခဲ့ နိုင်ပါ ဘူး
ယူမိလို့ ပေး ဆပ်
ဝေး ရမယ့် ရက် က နီး
မင့် ဘ၀ ခရီး ဆက် ရ ဦး မှာမို့
ဖွဖွလေးဖိမထား ရက်တော့ ပါ ဘူး
ဖွင့်ဟလို့ ပေး ကာထား တယ်
တဖန်လာ လေပြေအဝှေ့မှာတော့

ဝေ့၀ိုက် လို့ ပျံကာသွားမယ့်
လျှောက်ရမဲ့ မင့်ဘဝလမ်းကို
ကြမ်းတမ်းမှုကင်း ပျော်ရွှင်ခြင်းများနဲ့
အပြည့်
ကံကောင်းပါစေ လို့ ဆု တောင်း ရင်း
ငါ့နှလုံးသား ကျောက်တိုင်မှာ
ခိုင်ခိုင်မာမာ ရေး မှတ်
အမြဲ အမှတ်တရ နဲ့
ထာဝရ ရှိနေမှာပါလေ…………..။

ကောင်းကင်

No comments:

Post a Comment