လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Thursday, June 24, 2010

မငိုပါဘူး




ငိုနေသလား....
ဟင့်အင်း ငါမငိုပါဘူး..
ချစ်သူ အတွက် အပြုံးတပွင့် ငါဖန်ဆင်းတာပါ..။
ငါ နာကျင်နေသလား..
ဟင့်အင်း ငါမနာကျင်ပါဘူး...
ချစ်သူအတွက် ငါကြည်နူးနေတာပါ...။
တချိန်က တို့ နှစ်ဦး..
လမ်းအိုလေးအတိုင်း လျှောက်ခဲ့...
ခွဲခွာခဲ့ရတဲ့ ဒီလမ်းဆုံလေး ...
အခုတော့ တသက်စာ ခွဲရပြီလား....
ငါပျော်ပါတယ် ချစ်သူ...
မင်းရဲ့ ဘဝ လုံခြုံလှပ ပြီလေ...။
မငိုပါနဲ့ ချစ်သူ...
မုန်းလို့ ခွဲခွာတာမှ မဟုတ်ပဲ...
မင်းကို ငါအပြစ်မဆိုပါဘူး...။
လှည့်မကြည့်ပါနဲ့ ချစ်သူ...
မင်းနာကျင်တာကို ငါမမြင်ချင်လို့ပါ...
ငါ့မျက်ရည်ကိုလည်း မင်းမမြင်စေချင်လို့ပါ....။
ပြီးဆုံးပြီလား တို့အချစ်တွေ
ဟင့်အင်း ဘယ်တော့မှ မပြီးဆုံးပါဘူး...
ဆိုခဲ့တဲ့ သစ္စာအတိုင်းပေါ့...
ငါအသက်ရှင်သရွေ့  မင်းတစ်ယောက်သာ ချစ်သွားမှာပါ...။

ကောင်းကင်

No comments:

Post a Comment