လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Friday, June 25, 2010

အဖေ (၂)



အကြင်နာ မေတ္တာများနဲ့
နွေးထွေးစွာ ကြိုဆိုခဲ့တာ
ဖေဖေ ရဲ့ မေတ္တာတရားလား။ ။
အနွံတာ ဂရုဏာများနဲ့
လုံခြုံစွာ တည်ဆောက်ပေးတာ
ဖေဖေ ရဲ့ ရင်ခွင်လေးထင်တယ်။ ။
အတွယ်တာ သံယောဇဉ်နဲ့
အေးချမ်းစွာ စီးဆင်းစေတာ
ဖေဖေ ရဲ့ စမ်းရေမေတ္တာ တွေပဲလား။ ။
လမ်းမှားကို သွေဖယ်ပြီး
လမ်းမှန်ကို ရွေးချယ်ဖို့
ရှေ့ဆောင်လမ်းပြ အလင်းရောင်လေး
ပေးနှိုင်စွမ်းရှိတာ အဖေပဲလား။ ။
အဖေနှင့် ဆုံခွင့်မရှိခဲ့တဲ့
ငါ့ ဘဝလေးမှာ
အဖေရဲ့ မေတ္တာတွေကို
သား ခန့်မှန်းကြည့်တာပါ အဖေ
လက်စုံမိုးလို့ ဦးထိပ်ပန်ဆင်
ကန်တော့လျက်ပါ
အဖေ................

ကောင်းကင်

No comments:

Post a Comment