လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Tuesday, July 13, 2010

ငါ့၏ ချစ်သူ

တိုးတိုးလေးဘဲ...
တိတ်တခိုးလေးနဲ့ ချစ်ကြည့်တယ်..သူ့ ကိုပေါ့..
သူလေး...မသိရှာဘူးကို..ငါ့ရဲ့ အချစ်ကိုသူလေး..
နားမလည်ရှာဘူးကို..
သိပ်ချစ်တာဘဲချစ်သူ..ရယ်
နင်ခံစားတတ်ပါ့မလား...ငါ့ရဲ့ အချစ်ကို
နင်ကိုယ်ချင်းစာတတ်ပါ့မလား..ငါ့ရဲ့ ခံစားမှုကို
နင်ကြည်နူးတတ်ပါ့မလား...ချစ်ရိပ်အောက်မှာ
နင်စဉ်းစားတတ်ပါ့မလား...ငါနင့်ကိုသိပ်ချစ်တယ်ဆိုတာ
နင်တွေးနိုင်ပါ့မလား...ငါနင့်ကိုလွမ်းတတ်တာ
ဘာမှမဆိုင်ဘူးဆိုပေမဲ့ လို့ ...နင့်ကြောင့်ငါချစ်တတ်
ခဲ့ တယ်..
နင့်ကြောင့်ငါ..
လွမ်းတတ်ခဲ့တယ် အတွေးလေးမှုန်ဝါးဝါးနဲ့ ဘဲ..
တစ်ဖက်သတ်မဟုတ်ဘူးဆိုပေမဲ့ နင်...
ငါ့ရဲ့ အချစ်ကို နားလည်မှာပါ...ဆိုတဲ့ မျှော်လင့်ချက်ကလေး
ကရှိနေတော့..ချစ်သူ....
ငါစောင့်နေပါတယ်........နင်
ငါ့ကိုချစ်လာမဲ့တစ်နေ့ ကိုပေါ့..
လွမ်းနေပါတယ်တစ်နေကုန်ပြီးတော့နောက်ထပ်တစ်နေကုန်လေ
နင်နားလည်မှာပါ...ငါနင့်ကိုသိမ်မြတ်နိုးတာ..နင်
သိမှာပါ...ငါနင့်ကိုသေလောက်အောင်ချစ်တာ....

No comments:

Post a Comment