လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Thursday, August 5, 2010

အနှိုင်းမဲ့ မေမေ



ရင် ထဲ က အပူ
ဘယ်သူကူလို့ ရ မှာလဲ
လူမသိ အောင် နေတတ် ပေမယ်
ရာဇသံသင့် အကျဉ်း သားလို
အမှောင် ကမ္ဘာအခန်း လေးမှာ
တစ်ယောက် ထဲ ၀မ်းနည်း နေရ ပြီ…….။
ခြေထောက် တွေရှိလျှက်
မလျှောက်တတ်တဲ့ ကျွန်တော်
အခေါက်ခေါက်ခါခါလဲ ကျ
ဖေးမလို့ တွဲ ခေါ်
ချော့တခါ ခြောက် တလှည့် နဲ့
လျှောက် တတ်ခဲ့တော့
ဆန့်ကျင်ဘက် ခရီး ကို
ကျေားခိုင်း ထွက်နေမိတာ ငါ မသိခဲ့….။
အကြင်နာတွေလှေအပြည့်ထည့်
စုံမျှောပေးလိုက် တဲ့ မေတ္တာ
ဆန်လာမယ့်  ရက် ကို မတွေး
ဘ၀အလင်း ကို ခင်း ပေးခဲ့ သူ
သင်ခန်းစာတွေအလီလီပြ မှတ်သားဖို့ သွန်သင်
လိုရာလမ်း ကို ၀င် ဖို့ ကြိမ်တို့ လို့ မောင် သွင်း
မေတ္တာမိုး ရေ တွင်း က မိုးကြိုး ထစ် ချင်း ကို
လန့် ခဲ့ ဖူး တဲ့ ကျွန်တော်…..။
ဘ၀လမ်း မမှား အောင် ပြောခဲ့ တဲ့ စကား
နား ရှိ လျှက် မကြားခဲ့ တာ
အကျိုးအပေါက်များစွားကို ဖာထေး
ဖ၀ါး အောက်က တံတား လေးအတွက်
ကြိုးစား ရင်း ရိုးသားစွာနဲ့ ထမ်း တင်
အလျှားအနံမမြင်တဲ့ မေမေ မေတ္တာ....
ပုခုံးနှစ် ဖက်မှာအမာရွတ်တွေအထပ်ထပ်နဲ့
စုတ် ပြတ် နေလောက် ပြီဆို တာ သိခဲ့ ရ တော့
နောင်တတွေ ရင်မှာ အပြည့်နဲ့
ဓာသွား ပေါ် ပျား ရည်စက် ကို
အန္တရာယ် များ တဲ့ ကြား က ရအောင်လျှက် နေရ ပြီ……မေမေ…..။
လှိုင်း လေ တွေ ကြား ဘ၀လှေကို ပဲ့ကိုင် ထား ရ
တစ်ခါတစ် ခါ အသိ စိတ် တွေရော့ ပါးပြီ
ခရီး ဆက် မသွား ချင်အောင် ဖြစ်ခဲ့
ငါ ..နေတာက ၀န်ရိုး စွန်း တစ် ဖက်
အတောင် ကျိုး နေတဲ့ ငှက် မို့
ချောင်ထိုး ပြီး ရိုက် ခံ ရတဲ့ အဖြစ် ကို
အပြစ် လို့မဆို လို တော့ ပါ ဘူး
ကံကို လည်း ပုံ မချ ယူကျုံးမရ ဖြစ် မိ တာတော့အမှန်
ဒီအချိန် မှာ……. အကြင် နာအပြည့်နဲ့
ပခုံးကို နွေး နွေး လေး ဖက် လို့ …
ရင်မှာနွေးစေကာ.....
အား ပေး ခဲ့ တာ မေမေ…ပါ။
အခု တော့ ဗျာ……..
ပြောင်း လဲ မှု အချိန်ဇယားက
နေ့ စဉ်ရက် ဆက် ……..မေမေ ကို လာပြီး နှုတ် ဆက်
သိလျှက်နဲ့ ………ကျွန်တော် ခရီး ဝေး ကို ဆက် ခဲ့ ရ
မရဏ ၀ဲဂရက် ထဲ ဆွဲ နှစ် ခံ နေရတဲ့ သူက
ရှိသမျှအား လေး ကို ညစ် ထုတ်
အတင်း တွန်း ထုတ် လို့ ပို့ ခဲ့
မင့် ကူးရမယ့် လမ်း က
တော် တော် လှမ်း သေး တယ် “သား” တဲ့
နှုတ်ဆက် လို့ ရှစ် ခိုး ဖမိုး ပေါ် ကျတဲ့ မျက် ရည်
အခု ထိ စို နေဦး မယ် လို့ ထင် မိ
“ဘ၀လမ်း မှာ ခလုပ် မထိ လို့ ဆူး မညိပါ စေနဲ့” …..တဲ့
ဆု ပေးသံ တုန်နေပေမယ့်
အားမန်တွေအပြည့်နဲ့ တွတ်သွင်း
ရင်တွင်းထိုးဖောက်
ချက်ချင်း ရောက်ခဲ့တဲ့ အား
ရင်ကွဲ မတတ် ခံစားရင်း နှုတ်ဆက်
ဝေးရပ်မြေခြား နေပေမယ့်
အမြဲ မပြတ်သတိရ နေမိသာမို့
မေမေ……..
သား….ရှစ် ခိုးပြီး ကန် တော့ လိုက် ပါတယ်
နေကောင်း လို့ ကျန်းမာပါ စေ ….မေမေ....။

ကောင်းကင်

Sunday, August 1, 2010

ငွေကြယ် စဉ်များ



သူတို့တွေ….
ခေတ်အဆက်ဆက်
မိရိုးဖလာအတိုင်း
ခြွေချခဲ့တဲ့ သံစဉ်တစ်ပုဒ်လို...
ဒါမှမဟုတ်…
ဆန်းသစ်မှု့တစ်ခုလို...
ကိုယ့်အနုပညာ…
ကိုယ့်ဆိပ်ကမ်းအတွက်…
ရာသီအလိုက်
ပန်းတွေအသီးသီး ဖူးပွင့်ကြတယ်….။
တစ်ခါတစ်လေ
အိုမာခရမ်ရဲ့ ကဗျာလေးတွေ
ရွတ်ချင်ရွတ်နေမယ်…
တစ်ခါတစ်လေ
အချစ်၊ ဝိုင်တစ်ခွက် နဲ့ ကဗျာတွေမရှိတဲ့
ညနေခင်းအကြောင်း
ကြေကွဲကောင်းကြေကွဲမိမယ်…
မောင်ချောနွယ်ပြောသလို..
“ကဗျာဆရာဆိုတာ ဒဏ်ခံကြိုးလေးတစ်ချောင်းတဲ့”
ဒီကြိုးလေးမပြတ်သေးသရွေ့
ဒီကမ္ဘာမြေကြီးပေါ်မှာ
အပူဒဏ်ကိုမမှု့ပဲ
နှစ်ရှည်ပင်တွေ
လက်ဆင့်ကမ်း စိုက်နေမယ့်သူတွေ….။
ဟေး….ပင်လယ်ကြီး…
လှိုင်းလေ ဘယ်လောက်ကြီးကြီး
မုန်တိုင်းဘယ်လောက်ထန်ထန်
ငါတို့….အနုပညာ
ငါတို့….ပန်းတိုင်အတွက်
ငါတို့…ကပ်မယ့်ဆိပ်ကမ်း
ဘယ်တော့မှ သောင်မထွန်းစေနဲ့…..။

ကောင်းကင်