လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, June 23, 2010

အဖေ




ထာဝရ ခွင့်လွတ်တယ် ဆိုတာသိခဲ့ပေမဲ့
လောကရဲ့ လက်ဦးဆရာ
ရဲရင့်ရှေ့ဆောင်
ခွန်အားတွေပေးခဲ့
မိသားစုအတွက်
ရှေ့မှာမားမားရပ်
အလံစိုက် ခေါင်းမော့
ရင်ကော့ခဲ့တဲ့
ခုချိန်ထိ ခွန်အားတွေပေး
အသိတွေပြောပြ
အလွမ်းတွေပိုက်ပြီး
သားသမီးတို့ အိမ်ပြန်မဲ့
အချိန် ကြင်ယာ ဇနီးလေးရဲ့
လက်ကိုဆွဲလို့
ထာဝရစောင့်နေတဲ့
မျက်နှာ ကျွန်တော်
မြင်ယောင်မိတာ
အခါခါဘဲ
ပါးစပ်ကသိပြီး
လက်ကပေးဆပ်မှု့
မပြုနိုင်လို့ ကျွန်တော်
ဒီနေရာလေးကဘဲ
တောင်းပန်လိုက်ပါတယ်
‘‘ အဖေ ’’

ကောင်းကင်

No comments:

Post a Comment