လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, June 23, 2010

နေ့သစ်၏ နိဒါန်း




အရင့်အရင်အခါက
အချစ်ဆိုတဲ့အရာ
ငါ...အထင်ကြီးခဲ့တယ်
သစ်ရွှက်ကလေးတွေကို
အချစ်ငှက်ကလေးထင်
ငါ...ရင်ခုန်ခဲ့ဘူးတယ်
အပေါစားအနမ်းတွေအောက်
ပျောက်ရှသွားတဲ့ အချစ်ဦးကို
ငါ...ရစ်မူးရင်ခုန်ခဲ့ဘူးတယ်
ရှုးရှုးမိုက်မိုက်နဲ့ ဘဲ
စွဲလန်းမှုတစ်ခုအတွက်
အသဲဟက်တက်ကွဲဘူးတယ်
အဟုတ်လို့ ပင်
ငါ...ထင်မှတ်ထားခဲ့တဲ့အရာအားလုံးဟာ
အခုမှ...မှားမှန်းသိလာရတော့
ရင့်ကျက်မှုရဲ့ အစ
နောင်တတွေနဲ့ လှည့်အကြည့်
သတိတရ နဲ့ 
ထိရှ ရင့်ကျက် ရင်ခုန်သံ
လေးနက်မှု တန်ပြန် အလွမ်းတွေရယ်
ငယ်ဘ၀ရဲ့ ဒါဏ်ရာလေးတွေကို
ချိုမြိန်နေ့ သစ်လေးတွေက
ဖြေဆေးပေးကြလိမ့်မယ် ထင်ပါရဲ့  .....

ကောင်းကင်

No comments:

Post a Comment