လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Saturday, June 12, 2010

အတ္တ၏ စေရာ


သစ်တစ်ပင် အရိပ်တစ်ခု
နားခိုခွင့်ပြုရင်ဖြင့်
အပင်မြင့်မှာလည်း စံချင်တယ်။
ဝေဟင်မှာလေယာဉ်မစီးရရင်လည်း
ကောင်းကင်သာ ထာဝရလှနေမယ်ဆိုရင်ဖြင့်
ငှက်အသွင်လို လေကိုလည်းဆန်ချင်တယ်။
ဒီလိုပဲ ...
ပင်လယ်ဟာရေတသွင်သွင်နဲ့
ဂီတသံကြည်ပြာရေခွင်
တည်ရှိနေမယ်ဆိုပါလျှင်
ဆန်းပြားတဲ့ သဘောင်္တစ်စီးမဖြစ်ပေမဲ့
လှေငယ်ရွက်စုတ်လေးနဲ့ပဲ
စုန်ဆန်နေချင်တယ်ကွယ်။
ကမ္ဘာအစမှာ ...
ထာဝရရဲ့ သဘာဝတွေ
လှခဲ့လေသလား ငါတွေဝေဆဲမှာပဲ
အတ္တနဲ့လျှောက်ခဲ့တဲ့ ခြေထောက်တွေကို
ဖြတ်တောက်ချင်မိတယ်။
တကယ်...
သစ်တစ်ပင်သဘာဝ ကြွေကျမြေခရစမြဲပါလေ..။
ဝေဟင်ဟာလည်း ပင်လယ်ပြင်လိုပါပဲနော်..။
သဘာဝရဲ့အလှအပ မမျှတတဲ့အခါ
မလှပတဲ့နေ့တွေ ရှိမှာပါနော်..။
ဒါကြောင့်ပါပဲ ...
အတ္တရဲ့စေစားရာများ
ငါ ခ၀ါချခဲ့တယ်လေ ..
လင်း

No comments:

Post a Comment