လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, June 9, 2010

အမေ (၃)

ဆူဆဲရေရွတ်

တတွတ်တွတ်နှင့်

စိတ်ညစ်အောင်ပြော

ဆုံးမသော အမေ…

ကျွန်တော်မှာဖြင့်

ခံစားကျန်ရစ်

စူးနစ်သည့်မြှား

ကျင်စက်လားသို့

ရင်ခွင်ကြားမှာ

ဝင်ရောက်သည်သာ…

သို့သော်လည်းပဲ

စက္ကန့် မိနစ် နာရီ ပြောင်းသော်

မိခင်မေတ္တာ

ပေါ်လာပြန်သဖြင့်

နွမ်းသောရင်လည်း

လန်းဆန်းလာကာ

ပျော်ရသည်မှာ

ဓမ္မတာပါ… ။ ။

ကောင်းကင်

No comments:

Post a Comment