လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Monday, June 7, 2010

အမေ (၁)

မရိုးနိုင်တဲ့ အမေ့အပြုံး

လောကတစ်ခွင်လုံး အလင်းဆောင်သည့်

စန္ဒာလမင်းအပြုံး

မကုန်းခမ်းနိုင်တဲ့ အမေ့မေတ္တာများ

မြစ်ဧရာအလား စီးဆင်းလို့ထား

အမေ့အသံ အမေ့စကား

ငြိမ်းချမ်းမူ့ကိုရှေ့ဆောင်ထား

န၀င်ချိုဘိညား။

အမေ့မေတ္တာ အမေ့စေတနာ

မြင့်မိုရ်ထိပ်ဖျား နိုင်းယှဉ်ငြားလည်း

မနိုင်းယှဉ်သာပေ။

မြင့်မိုရ်တောင်းမင်း ဇီရွက်ငယ်မျှ

အမေ့မေတ္တာ အမေ့စေတနာတို့

ကြီးမားလွန်သောကြောင့်။

အမေ့ကျေးဇူး အနတ္တအား

စာပေထုဆစ် တုပနိုင်းစရာမမြင်သာလည်း

ယနေ့ကမ္ဘာ အမေများနေ့မှာ

အမေ့အတွက် ကလောင်လက်ဖြင့်

ကျေးဇူးဆပ်ခွင့်ပြုပါအမေ။

*ခိုင်နုငယ်*

No comments:

Post a Comment