
မိသားစုဗိမာန်မှာ ...
စည်းလုံးမှုအလံကိုဖြုတ်
ထင်ရာလုပ်သွားတဲ့ သားတွေအတွက်
ချိုးဖဲ့ခံလိုက်ရတဲ့ ယုံကြည်ချက်တစ်ခု
ကျိုးပျက်သွားတဲ့ မျှော်လင့်ချက် နံရံ
တွန်းကန်ထွက်လာစရာ မလိုတော့တဲ့
ဒေါသ.................သောက
ဟိုတစ်ချိန်ကထက်တော့ သာမှာပါ။
အညိုရောင် ယောဂီဝတ်စုံ
ခိုလံႈစရာ ဗုဒ္ဓဓမ္မ
ရသမွ် ကာလတစ္ခု
ရႈစရာ ၀ိပသ္သနာတရား
လက်ကိုင်ထားရင်း
အားတင်းလိုက်ပါအမေ......။
သူကမထား........
ကိုထားခဲ့ရမယ့်လောက
ကိုယ်မထားချင်ပေမယ့်
ယူသွားလို့မရတဲ့ လောက
ဘ၀က အကြိမ်ကြိမ်သေဖူးသူမှ
ရှင်သန်ထမြောက်ရဲတာ။
အဲဒါတွေသိနေတဲ့ အမေက
မချိပူရတဲ့ ဒုက္ခ
မသိလို့ ဆူကြွတဲ့ သောက
လောဘ............ဒေါသ
မောဟတို့ဝေးကွာရာ
အညိုရောင်ဝတ်စုံလေးရဲ့အထံမှာ
အတိတ်ကိုလည်း အတွေးမပြန်
အနာဂတ်ကိုလည်း တွေးမကြံ
ပစ်စုပ်ပန် လမ်းသစ်လေးများလျှောက်
ပန်းပွင့်လေးများ ကောက်ခါ
ဘ၀ကို စတေးခဲ့ပါ အမေ......။ ။ကောင်းကင်
No comments:
Post a Comment