စာမျှက်နှာ များ

Wednesday, June 9, 2010

အမေ (၃)

ဆူဆဲရေရွတ်

တတွတ်တွတ်နှင့်

စိတ်ညစ်အောင်ပြော

ဆုံးမသော အမေ…

ကျွန်တော်မှာဖြင့်

ခံစားကျန်ရစ်

စူးနစ်သည့်မြှား

ကျင်စက်လားသို့

ရင်ခွင်ကြားမှာ

ဝင်ရောက်သည်သာ…

သို့သော်လည်းပဲ

စက္ကန့် မိနစ် နာရီ ပြောင်းသော်

မိခင်မေတ္တာ

ပေါ်လာပြန်သဖြင့်

နွမ်းသောရင်လည်း

လန်းဆန်းလာကာ

ပျော်ရသည်မှာ

ဓမ္မတာပါ… ။ ။

ကောင်းကင်

No comments:

Post a Comment