စာမျှက်နှာ များ

Wednesday, June 9, 2010

အတိတ်ရဲ့ခြေရာ

နွေတမာရေ...

စိတ်တေလေဘဝနဲ့ 

ငါလေ..လှမ်းခဲ့။

လွမ်းရက်များစွာ

နေ့စွဲများလည်း ပေးခဲ့ဖူးပါတယ်နော်။

ပင့်သက်ရှိုက်မော အလွမ်းတောမှာ

အမောပြေ ကျောက်စက်ရေတစ်ခွက်

နွေမျက်ရည်တစ်စက်နဲ့လဲဖို့

နေပူပူမှာ ငါလျှောက်ခဲ့ရဖူးပါတယ်။

ထနောင်းရိပ်မှာ ...

အတိတ်ရဲ့ခြေရာကို တွေဝေနေဆဲ

ဥသြောငှက်ကို လွမ်းဆွတ်

မှန်းဆလို့မရသေးတဲ့ အနာဂတ်ကို

ဒီနေရာလေးမှာပဲ ငါထားခဲ့ချင်တယ်။

အတိတ်ရဲ့အလွမ်းတွေနဲ့

ဂယောင်ခြောက်ခြားနေ့တွေကို

နွေရယ် ...

မင်းကိုထားခွင့်ပြုလှည့်ပါနော်။

ကောင်းကင်

No comments:

Post a Comment