ဒီညအဖို့တော့……
မိုးခါးခါးတွေအောက်မှာ
အသည်းမကွဲဘဲ ငိုနေရသူပါ…။
ကြေကွဲသီချင်းနဲ့ မဆိုင်ပေမဲ့သီချင်းတွေ နားဆင်နေမိ
အချိန်က ညဥ့်နက်နေပေါ့…။ရိုးရာမပျက်တမ်း ပြောကြကြေးဆိုရင်
ကောက်ညှင်းဖက်ထုပ်ထက် ငါက
မိုးကျ လက်ဖက် ကို ပိုကြိုက်သူပါ…။
ဟိုး……..အရင်တုန်းက
ဂုန်နီအိတ်လေးတွေ ခင်းပြီး အိပ်ရတာကို
ငါ ကြိုက်တယ်…။မုန့်ဘိုးလေး စုပြီးဝယ်ခဲ့ရတဲ့
လက်ပတ်နာရီလေးကို တမ်းတတယ်…။
ဦးလေး ပြောပြခဲ့တဲ့ အဖို အမ အကြောင်းပေါင်းစပ်မိရင် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်း
ငါ…. ကောင်းကောင်း မှတ်ထားတယ်….။ဟိုနေ့က အမြန်ရထားကြီးစီးရင်း
ငယ်ငယ်က မန္တလေး သွားခဲ့တာကို
သတိရမိတယ်…။
Fat = ၀သော တဲ့ငါ မှတ်မိနေသေးတယ်လေ
အဲဒီစာလုံးလေးကို မရလို့ အမ က ရိုက်တာငါ့ တင်ပါးမှာ အရှိုးရာတွေပေါ့…။
အော်….ဘ၀တွေရယ်မကြုံချင်ပေမဲ့ ကြုံခဲ့ရတယ်
မဆုံချင်လည်း ဆုံလာရတယ်မခွဲချင်ပေမဲ့ ခွဲခဲ့ရတယ်….။
အဲဒီနေ့မနက်က..မိုးတွေက ရွာလို့
ငါ့ ရဲ့ အဖေက ထာဝရ အိပ်ပျော်လို့
ငါတို့ကို ထားခဲ့တယ်…။
ငါ ချက်ချင်းမငိုမိဘူး..ဒါပေမဲ့ ငါ နောက်ပိုင်းကျတော့ မျက်ရည်ကျမိတယ်
ဒီနေ့အထိပဲ…။ငါတို့ ဘာဆက်လုပ်ကြမလဲ…
ငါတို့ရဲ့ဘ၀ကို ဘယ်လို ရုန်းကန်မလဲဆွေးနွေးရပြီပေါ့..။
နိုင်ရာ ပိုင်ရာ တာဝန်တွေ ခွဲလို့ငါတို့ လမ်းကို ၁၉၉၄ ခုနှစ်ကတည်းက လျှောက်ခဲ့တာ
အခုဆို ၁၆ နှစ် ရှိပြီပေါ့..။၁၉ ဇူလိုင် မမေ့နိုင်တဲ့
ဟုတ်ပါတယ်….။၂၀ ဇူလိုင်လဲ ငါ မမေ့နိုင်ပါဘူး
ငါတို့ရဲ့ ဖခင် က ငါတို့ကို အပြီးနှုတ်ဆက်သွားတဲ့နေ့လေ…။ကဲ….ငါ့ဘ၀ကို စပြီပေါ့
အိမ်နားက စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်
ပေးတာယူ ကျွေးတာစားတစ်ဝမ်းတစ်ခါးအတွက် ရှာဖွေခဲ့ရတယ်…။
ကျောင်းရက်ရှည်ပိတ်တော့
ပန်းရံလုပ် ဆေးသုတ်
ကူညီညာလုပ်တာဆိုပေမဲ့ မုန့်ဘိုးတော့ရတာပေါ့…။နွေရာသီ ကျောင်းပိတ်တော့
ငါ့အတွက် သင်တန်းဆိုတာမရှိ
အရာရာ နတ္ထိ… ပိုက်ဆံက အဓိက ဖြစ်ခဲ့တယ်…။ဒီလိုနဲ့ ဘ၀တွေနာ…
စာတွေ ကြိုးစားရင်း ၁၀ တန်းဆိုတာကိုအောင်မြင်ခဲ့ရတယ်…။
ကျောင်းဆက်တက်ဖို့ ခက်ပြီအဲဒီတော့ …
ငါက ရန်ကုန်သွား မင်္ဂလာဈေး အထည်ဆိုင်မှာ ဈေးရောင်းရင်းပိုက်ဆံစု GTI တက်ဖို့ပေါ့
၁ နှစ်တော့ အောက်လိုက်ရတယ်လေ…..။ကျောင်းဆင်းဆင်းချင်း
ရန်ကုန်မှာ အလုပ်ဝင်တစ်ဖက်ကလည်း အဝေးသင် ဆက်တက်ပေါ့…။
ဒီလိုနဲ့ ၂၀၀၇ မှာ ဘွဲ့တွေရ..ပိုက်ဆံရ…
အမေက ပျော်လို့…။ဒီလိုနဲ့ ငါတို့ ရသလောက်ပိုက်ဆံစု
သူများတွေ ပူသလို ငါလည်း ပူရအောင်စင်ကာပူကိုထွက် အလုပ်လုပ်ခဲ့တာပေါ့..။
ကဲ….ထားပါတော့လေ…ဒီလို မိုးရွာနေပုံမျိုးနဲ့
အရင်ကလို မိုးကျလက်ဖက်သုတ်လေးကိုနမ်းစားရင်း
ရေနွေးကြမ်း လေး မှုတ်သောက်ရင်းဂုန်နီအိတ်လေးတွေပေါ်မှာ
ကွေးလိုက်ရရင်စင်ကာပူရေ….
မင်းတို့ နိုင်ငံက Five Star Hotel တွေကိုငါ….ငြင်းမိမယ်…
မင်းတို့ ကျွေးတဲ့ Steam Boat တွေကိုငြင်းမိမယ်…။
မင်းတို့က ကြိုက်သလောက်သောက်ပါဆိုတဲ့အအေးတွေ.. ကော်ဖီတွေကို
ငါ..ငြင်းမိမယ်…။အရာရာဟာ ဘယ်လောက်ပဲ သစ်လွင်တောက်ပပါတယ်ဆိုပေမဲ့
စားကျက်တွေ ဘယ်လောက်ပဲ ကောင်းပါတယ်ဆိုပေမဲ့
အချိန်တန်တော့လည်း ကိုယ့်ရဲ့ ချည်တိုင်ကို လွမ်းမိတာပါပဲ….။
No comments:
Post a Comment