မနက်ရောင်နီ နေခြည်ဖြာကျ
ငါအထမှာ.......
နာကျင်ရာ နှလုံးသားကို ပွေ့ဖက်
မြတ်နိုးမှု့တွေ အထက်.....
မိုက်မဲမှုတွေ အထက်......
ခံစားခြင်း အတွေးတွေကို စီးမျော
စို့နင့်မှု သဘောတွေရဲ့ အဖြေက
နာကျင်ရာကို မှင်သားချ
စကားလုံးတွေရဲ့ အဓိပ္ပါယ်အရတော့
ဒါဟာ...."ကဗျာ" ',,,,,,,, ။
နေ့နဲ့ည....
မနေ့ကနဲ့ မနက်ဖြန်
ရာသီအစုန်အဆန်
အိမ်အ၀င် တံခါးငယ် ပတ္တာညောင်း
ဒုက္ခသဏ္ဍန်ပြောင်း အိုဟောင်းဒုက္ခတွေ ,,,,,,,,,
ပြက္ခဒိန် အခြေ
ဒဏ်ရာတွေ ဘ၀မှာ တဖြုတ်ဖြုတ် ကြွေနေတယ်..........။
သဘာဝနဲ့ သင်္ခါရ ကြား
ဖြစ်ပျက်တွေ မရပ်မနား စီစဉ်
နာကျင်ဖွယ်ရာ ဒီဒုက္ခ
အို ၊ နာ ၊ သေ ခန္ဓာအိမ်တဲ့လား..............။
*** ငါ...... ငါ....... ငါ.......
အတ္တကို အရောင်ချယ်ပြီး
သက္ကရဇ်တွေကို ဒေါင့်ဖြတ်ကူး
ငါ ရူးရင်း ရူး......
ငါ မူးရင်း မူး......
ငါ ထူးရင်း ထူး......
ငါတွေ မြူးလို့
.........
အလင်းစ ဘ၀မှာ ခဏခဏရပေမယ့်
လက်တွေ့မှာ ငါသွားမရ
နှောင်ဖွဲ့မှု ဒုက္ခတွေက
တရစ်သီသီ တ၀ဲလည်လည်
အရောင်မဲ့ ဒုက္ခအမှောင်ထဲ
ငါ.........
ငါ ,,,,,,,,,
ငါဆိုတာလည်း ဆက်လည်ဆဲ.......
လမ်းပျောက် ဆဲ........
မိုက်မဲ ဆဲ......
အိုမင်း ဆဲ......
တဏှာတွေကြား ပျှော်ပါးလို့ အားရဆဲ.......
ငါ့ ခန္ဓာအိမ်ထဲ...... သွေးကြားမှာ ပျစ်ခဲနေတာ...
ငါကိုယ်တိုင် စေ့စေ့ငင ပြန်ရှာ
ဒါ...... အ၀ိဇ္ဇာ....၊
ဒါ......ခန္ဓာ(၅)ပါး ......၊
ဒါ.......ရုပ်နဲ့ နာမ်.....၊
ဒါ.....ဓါတ်ကြီး(၄) ပါး.....၊
ဘ၀အစအဆုံး..... ဒီလိုသာ မသိမှုနဲ့ ငါဆက်ရုန်းရင်
သံသရာတစ်လျှောက်လုံး...
ငါ...ဆိုတာ အဖန်ဖန် သေရဦးမယ်........။
ကောင်းကင်