စာမျှက်နှာ များ

Friday, July 9, 2010

မြန်မာမလေး




အားလုံးထဲကတစ်ယောက်ထဲမြင်နေ
အားထဲက တစ်ယောက်ထဲ ချစ်ချင်တယ်
မြန်မာဆန်လွန်းတဲ့...
မင်းရဲ့ မျက်နှာလေး

စတွေ့ မိတဲ့မင်းရဲ့ ပါးပြင်ထက်
သန်ပ်ခါးလေး လိမ်းလို့ ထားသူလေး
မင်းကို....
ငါလေချစ်မိနေခဲ့တာ

မြန်မာဆန်လွန်းသူလေးရဲ့ မျက်နှာ
အိနြေ္ဒရှင်လေးရဲ့ မျက်နှာ
လှတစ်မျက်နှာ ယဉ်တကိုယ်လုံး
အပြစ်မဲ့နေခဲ့တာ

မြန်မာဆန်လွန်းသူလေးရဲ့ အလှကို
ငါလေမြတ်နိုးလို့ စွဲလန်းနေ
အမြဲတန်းပဲ လှနိုင်ပါစေ
မြန်မာဆန်တဲ့အလှပိုင်ရှင်လေးရေ

တရေးနိုးထတဲ့ မင်းရဲ့ အလှကိုပင်
အိမ်မက်ထဲ မင်းစိုးမိုးနေရင်
ကောင်မလေးရေ
ငါလေ သိပ်ချစ်နေမယ်

ကောင်းကင်

No comments:

Post a Comment