စာမျှက်နှာ များ

Sunday, July 4, 2010

မင်းအတွက်သာ



လောက
တစ်ခွင်လုံး
သုံး ရာသီစာ ပန်းတွေ
တပြိုင်နက် ပွင့်ခဲ့ရင်လည်း
မင်းသာ
ပန်မပေးရင် ဘယ်လောက်လှတဲ့ ပန်း ဖြစ်ပါစေ
ငါ မမက်မောပါဘူး
.....
လူတကာတွေ အချိုဆုံး ပြုံးပြ ကြရင်လည်း
နေ့ တစ်နေ့မှာ
စတွေ့ရခြင်းက မင်းရဲ့ အပြုံး မဟုတ်ရင်
အဲ့ဒီနေ့က ဘယ်လောက်ပဲ သာယာလှပပါစေ
ငါ မကြည်နူးပါဘူး

အတောင်ပံတွေ မလိုပဲ
ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်တဲ့ စွမ်းအား ရှိခဲ့ရင်လည်း
လွတ်မြောက်ခြင်းက

ဘယ်လောက် အေးချမ်းပါစေ

မင်းကို ထားပြီး ငါ ဘယ်မှ မသွားဘူး
လူ တစ်ယောက်နှင့် တစ်ယောက်ထဲ မွေးဖွားပြီး
တစ်ယောက်ထဲ ကြီးပြင်းခဲ့ပေမယ့်

ရှေ့ဆက်ရမယ့် ဘ၀ရဲ့ တစ်ရက်မက
နေ့ရက်တွေမှာ
မင်းမရှိရင် မဖြစ်နိုင်လို့@@@
အိပ်မက်တွေကို

ထုဆစ် ရင်းနဲ့သာ


ကောင်းကင်

No comments:

Post a Comment