စာမျှက်နှာ များ

Thursday, June 17, 2010

*ဆန္ဒ*



နေမထွက်ခင် မျက်နှာသစ်ရတဲ့ဘ၀မှာ

အများမိုးခါးရေ သောက်သလို လိုက်သောက်ခဲ့ရ..။

ကြားရဖန်များလာတဲ့ နာရီသံတွေအောက်မှာ

ဖိနပ်တိုက်ဖို့တောင် အချိန်မမှီခဲ့ဘူး…။

မိုး တဖြောက်ဖြောက်ကျလဲ သွား…

နေ ကျစ်ကျစ်ပူလည်းလာ…

ဘယ်အရာမှာ အေးချမ်းခဲ့သလဲ ငါမသိ…။
ဗလာနတ္ထိ အခန်းထဲ

သောက တွေ ဖရိုဖရဲနဲ့

တစ်ခုခု ကို မျှော်နေဆဲ…။
ဝေးကွာခြင်းက အိမ်ရှေ့မှာ အသင့်

တခမ်းတနား မက်ခဲ့တဲ့ အိပ်မက်တွေလည်း

လေ အဝှေ့မှာ တဖြုတ်ဖြုတ် ကြွေပေါ့..။
ငါ့အတွက် စိတ်ငြိမ်ဆေး တစ်ခွက်ပေးပါ…

ငါ့ ဒဏ်ရာတွေ သွေး မထွက်ခင်

တစ်နေ့ တစ်ရက် လောက်

အသက်ရှုခွင့် ရသေးရင်ပေါ့

မင်းနားမှာ ပြန်လာ နေချင်သေးတယ်..။

ကောင်းကင်

No comments:

Post a Comment